Sales Hotline : 09448001653       Download App



PGDMA စာမေးပွဲ ဧပြီ ၇ ရက်နေ့တွင် ဖြေဆိုရမည်

PGDMA စာမေးပွဲ ဧပြီ ၇ ရက်နေ့တွင် ဖြေဆိုရမည်

၂၀၁၉ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ကျင်းပမည့် PGDMA (၂၀) သင်တန်းဝင်ခွင့် စာမေးပွဲအတွက် ဖြေဆိုရမည် ဖြစ်ပါသည်။

 ကွန်ပျူတာတတ်ကျွမ်းမှုကို အခြေခံသည့် အင်္ဂလိပ်စာ ဘာသာနှင့် အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်တွင် သတ်မှတ်ပေးသည့် ရန်ကုန်/စစ်ကိုင်း စာဖြေဌာန များတွင် အောက်ပါအတိုင်း စစ်မေးမည် ဖြစ်သည်။

(က) အင်္ဂလိပ်စာဘာသာရပ်          - နံနက် ၉း၀၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိ

(ခ) အထွေထွေဗဟုသုတဘာသာရပ် - မွန်းလွဲ ၂း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ

၁. ဖြေဆိုရမည့် သူများ၏ ခုံအမှတ်စာရင်းနှင့် စာဖြေဌာနကို ဧပြီလ (၁) ရက်တွင် ပညာရေးကောလိပ်များနှင့် စာဖြေဌာနများတွင် ကြေညာထား မည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများ စာရင်း ကို ၁၃.၅.၂၀၁၉ ရက်တွင် အဆိုပါဌာနများ၌ ကြေညာထားမည် ဖြစ်သည်။

၂. လူတွေ့နှုတ်ဖြေ ဖြေဆိုခွင့်ရရှိသူများအား ၂၀.၅.၂၀၁၉ ရက်မှ စ၍ ရန်ကုန်ပညာရေးတက္ကသိုလ် နဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ် တို့တွင် လူတွေ့နှုတ်ဖြေစစ်ဆေးမည် ဖြစ်သည်။

၃. ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုလည်းကောင်း၊ လူတွေ့ နှုတ်ဖြေ စစ်ဆေး ခံရမည့်သူသည် ဘွဲ့လက်မှတ်မူရင်းနှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်မူရင်း တို့ကို လည်းကောင်း တစ်ပါတည်း ယူဆောင်လာရမည်။

၎. သင်တန်းကာလမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၂၀ ခုနှစ်၊ ဧပြီလဆန်းပိုင်းအထိ (၁၀) လ တက်ရောက်ရမည်ဖြစ်သည်။

၅. သင်တန်းတက်ရောက်အောင်မြင်သူများကို အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ် ခန့်အပ် တာဝန်ပေးသွားမည် ဖြစ်သည်။

News Read 2078 times