Sales Hotline : 09448001653       Download App



PPTT (၆/၁၉) သင်တန်း ဝင်ခွင့်ရသူများအတွက် လမ်းညွှန်

PPTT (၆/၁၉) သင်တန်း ဝင်ခွင့်ရသူများအတွက် လမ်းညွှန်

၂၀၁၉ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းအမှတ်စဉ် (၆/၂၀၁၉) သင်တန်း ဝင်ခွင့်ရသူများအတွက် လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။

သင်တန်းဝင်ခွင့်ရသူများ

လူတွေ့စစ်ဆေးမည့်ရက် - ၂၀၁၉ ခုနှစ်၊ မတ်လ(၃၀-၃-၂၀၁၉) မှ (၃၁-၃-၂၀၁၉) ရက်နေ့

အချိန် - နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီ

၁။ သင်တန်းဝင်ခွင့်ရသူများသည် မိမိတက်ရောက်ရမည့် ပညာရေးကောလိပ်များသို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀-၃-၂၀၁၉) မှ (၃၁-၃-၂၀၁၉) ရက်နေ့တွင် လူတွေ့စစ်ဆေးပြီး (၁-၄-၂၀၁၉) ရက်နေ့တွင် သင်တန်းဖွင့်လှစ်မည်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသော တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မူရင်းနှင့် မိတ္တူ၊ အမှတ်စာရင်းမူရင်း၊ ဘွဲ့လက်မှတ်မူရင်း၊ ကာယကံရှင်နှင့် မိဘနှစ်ပါး၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားမူရင်းများကို သင်တန်းဝင်ခွင့် လျှောက်လွှာနှင့်အတူပူးတွဲတင်ပြရမည်။

၃။ သင်တန်းဝင်ခွင့်ရွေးချယ်ခံရသူများသည် ပညာရေးကောလိပ်သို့ ရောက်ရှိ ချိန်တွင် ကိုယ်ရေးမှတ်တမ်းများ ဖြည့်စွက်ပြုစုစေပြီး ကျန်းမာရေး အခြေအနေကို လူတွေ့ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပါသည်။

၎။ သင်တန်းဝင်ခွင့်ရသူအားလုံးသည် ပညာရေးကောလိပ်ရှိ အိပ်ဆောင်တွင် နေထိုင်ရမည်ဖြစ်ပြီး ကာယလေ့ကျင့်ခန်းများကို သတ်မှတ်ချိန်အတိုင်း (မပျက်မကွက်) တက်ရောက်ရမည်။ အိပ်ယာလိပ်၊ ခြင်ထောင်၊ ကျောင်းဝတ်စုံ၊ ကာယ၀တစု၊ ရေချိုးခန်းသုံး ပစ္စည်းများ ယူဆောင်ရမည်။

၅။ သင်တန်းချိန်သည် ပညာရေးကောလိပ်၊ ကျောင်းအုပ်ကြီးက သတ်မှတ်ထားသည့် သင်တန်းအချိန်အတိုင်း သင်တန်းကို အချိန်ပြည့် တက်ရောက် နိုင်သူဖြစ်ရမည်။ အမှန်တကယ် နေမကောင်းဖြစ်ပါက အဆောင်မှူး၏ ထောက်ခံချက်ဖြင့် ခွင့်တင်နိုင်သည်။

၆။ ပညာရေးကောလိပ်တွင် တက်ရောက်နေစဉ်ကာလအတွင်း အခြားမည်သည့် သင်တန်းကိုမှ တက်ရောက်ခွင့်မပြုပါ။

၇။ မိမိတက်ရောက်ခွင့်ရသည့် ပညာရေးကောလိပ်များသို့ ရောက်သည့်အခါ ဒေသမရွေးတာဝန် ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိပြုလွှာ၌ လက်မှတ်ရေးထိုးရမည်။

၈။ ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်းနှင့် ကျောင်းဆောင်စည်းကမ်းများကို တိကျစွာ လိုက်နာရမည်။ စည်းကမ်း တစ်စုံတစ်ရာ ချိုးဖောက်ပါက စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်သည်။

၉။ သင်တန်းတက်ရောက်စဉ် ကိုယ်လက်ကြံ့ခိုင်လှုပ်ရှားမှုများ နေ့စဉ် ဆောင်ရွက်ရမည်ဖြစ်ပါ၍ ရွေးချယ်ခံရသူသင်တန်းသူသည် ကိုယ်ဝန်ဆောင်ခြင်း မရှိရပါ။

News Read 2294 times