Sales Hotline : 09448001653       Download App



ရန်ကုန်ပညာရေးတက္ကသိုလ်အထက်ကျောင်းဝင်ခွင့်ကို တိုင်းဒေသကြီးအစိုးရ၏ သတ်မှတ်ချက်အတိုင်းသာ သတ်မှတ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်အထက်ကျောင်းဝင်ခွင့်ကို တိုင်းဒေသကြီးအစိုးရ၏ သတ်မှတ်ချက်အတိုင်းသာ သတ်မှတ်မည်

လာမည့်ပညာသင်နှစ်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်အထက်ကျောင်းဝင်ခွင့်ကို တိုင်းဒေသကြီးအစိုးရ၏ သတ်မှတ်ချက်အတိုင်းသာ သတ်မှတ်မည် ဖြစ်သည်။

လာမည့်ပညာသင်နှစ်ဖြစ်သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၏ ကျောင်းသားဝင်ခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်ထားသော Catchment Area တိုင်းသာ လက်ခံမည်ဖြစ်သည်။

ကျောင်းအပ်လက်ခံသည့် အချိန်တွင် သန်းခေါင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ သတ်မှတ်ထားသော နယ်မြေကိုက်ညီပါက လျှောက်လွှာများ ထုတ်ပေးမည်ဖြစ်သည်။

လျှောက်လွှာရရှိသူများသည် ကျောင်းဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန်ကြေညာထားသည်။

READ - TV Presentation Skills အတွက် ၀င်ခွင့်လျှောက်လွှာများ ခေါ်ယူနေ

လာမည့်ပညာသင်နှစ်အတွက် အဆိုပါကျောင်း၏ မူလတန်းအဆင့်ဝင်ခွင့်အတွက် Catchment Area မှာ ကမာရွတ်မြို့နယ် (၉) ရက်ကွက်အတွင်းရှိ ဆေးတက္ကသိုလ်ဝင်း၊  အဆင့်မြင့်ပညာဦးစီးဌာန၊ အဝေးသင်တက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့၊ ဆေးဘက်ပညာသင်တက္ကသိုလ်၊ ဇော်ဂျီလမ်း (ဟံသာဝတီအဝိုင်းမှ အင်းလျားလမ်းအထိ)၊ အင်းလျားလမ်း (တက္ကသိုလ်ရိပ်သာလမ်းမှ ဇော်ဂျီလမ်းအထိ)၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး ကျောင်းနယ်မြေမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။

အလယ်တန်းအဆင့်အတွက် Catchment Area မှာ ကမာရွတ်နယ်မြေ (၉) ရပ်ကွက်တစ်ခုလုံးဖြစ်ကြောင်း၊ အထက်တန်းအတွက် Catchment Area မှာ ကမာရွတ်မြို့နယ် (၉) ရပ်ကွက်နှင့် အမက (၇) ကမာရွတ်နယ်မြေဖြစ်သော ဗဟိုလမ်း(နာနတ်တော ခုံးတံတားထိပ်မှ ရွှေကိန္နရီအိမ်ရာအထိ)၊ ပြည်ရိပ်မွန်အိမ်ရာ၊ သီရိမင်္ဂလာ (၁)လမ်း၊ (၂) လမ်း၊ ဝဂ္ဂီရိပ်သာလမ်း၊ နာနတ်တောလမ်း (ဘယ်ဘက်) တို့ ဖြစ်သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ၏ ၂၀၁၈-၁၉ ခုနှစ် သူငယ်တန်းဝင်ခွင့်ကို ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော် ဝင်ခွင့်ပေးခဲ့သည်။

READ - ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်အဖြစ် Environment and Water Studies ဘာသာရပ်အသစ်ဖွင့်မည်

source: deomcracy

News Read 4206 times