Sales Hotline : 09448001653       Download App



တတိယတန်းသင်ရိုးသစ် တိုင်းနှင့် ပြည်နယ်အဆင့် သင်ပြနည်းသင်တန်း ဧပြီ ၁ ရက်တွင်စတင်မည်

တတိယတန်းသင်ရိုးသစ် တိုင်းနှင့် ပြည်နယ်အဆင့် သင်ပြနည်းသင်တန်း ဧပြီ ၁ ရက်တွင်စတင်မည်

လာမည့် ပညာသင်နှစ်တွင် ပြောင်းလဲမည့် တတိယတန်း သင်ရိုးသစ်အတွက် ဧပြီ ၁ ရက်က စကာ တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် သင်ပြနည်းသင်တန်းပေး မည်ဖြစ်သည်။

၂၀၁၉-၂၀ ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်ကစတင်ကာ အခြေခံပညာမူလတန်းအဆင့် တတိယတန်းကို သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်၍ တစ်နိုင်ငံလုံးရှိ မူလတန်းပြဆရာ၊ ဆရာမများကို ကျောင်းမဖွင့်မီ သင်ရိုးသစ် သင်ပြနည်းသင်တန်း ပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။

တတိယတန်း သင်ရိုးသစ် သင်ပြနည်းသင်တန်းကို ဗဟို အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်၊ မြို့နယ်အဆင့်သင် တန်းများ ဖွင့်လှစ်ရန် စီစဉ်ထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အ ဆင့်သင်တန်းများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး စိုက်ရာ မြို့များတွင် ဧပြီ ၁ မှ ၁၀  ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

‘‘ဗဟိုအဆင့်သင်တန်းက ပ ညာရေးကောလိပ်တွေက ဆရာ၊ ဆရာမတွေပါလိမ့်မယ်။ သူတို့က ဗဟိုအဆင့်မှာ တက်ပြီးတော့ နောက်အဆင့်တွေမှာ သင်တန်း ပြန်ပေးရမှာ။ ဇွန်လမတိုင်မီ Grade-3 အတွက် မူလတန်း ဆရာ၊ ဆရာမအားလုံး၊ Grade- 6 အတွက် အလယ်တန်းဆရာ၊ ဆရာမအားလုံး သင်တန်းပေးပြီး သားဖြစ်အောင်လုပ်ရမှာ’’ ဟု အ ခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

တတိယတန်း သင်ရိုးသစ် သင်ပြနည်း ဗဟိုအဆင့်သင်တန်း ကို ဇန်နဝါရီ ၇ ရက်ကစတင်ကာ တစ်ကြိမ်လျှင် သင်တန်း ငါးရက် နှုန်းဖြင့် သုံးကြိမ်ခွဲကာ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြန့်အုပ်ချုပ်ရေးမှူးသင် တန်းကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။

ဗဟိုအဆင့်ပြီးပါက အခြေခံ ပညာကျောင်းများတွင်လက်တွေ့ သင်ကြားမည့် မူလတန်းပြဆရာ၊ ဆရာမအားလုံးကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အ ဆင့်၊ မြို့နယ်အဆင့်သင်တန်းများ တွင် ပို့ချရန် အခြေခံပညာဦးစီး ဌာနက စီစဉ်ထားသည်။

အခြေခံပညာအတန်းများ ကို တစ်နှစ်တစ်တန်းနှုန်း သင်ရိုး ညွှန်းတမ်းသစ်များဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်က စတင်သင် ကြားနေပြီး တတိယတန်းနှင့် ဆဋ္ဌ မတန်းကို ၂၀၁၉-၂၀ ပညာသင် နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြား မည်ဖြစ်သည်။

အခြေခံပညာမူလတန်းသင် ရိုးညွှန်းတမ်းသစ်များအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အ ထက်တန်း သင်ရိုးညွှန်းတမ်းသစ် များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီး ဌာနကို နည်းပညာနှင့်ဘဏ္ဍာရေး ပံ့ပိုးထားသည်။

၂၀၁၇-၁၈ ပညာသင်နှစ်က စတင်သည့် ပထမတန်းသင်ရိုး သစ်၌ သင်ကြားမည့် ဆရာ၊ ဆရာမ ၅၀,၀၀၀ ခန့်ကိုသာ နည်း ပြသင်တန်းများပေးခဲ့ရာ ရာထူး တိုးနှင့် အပြောင်းအရွှေ့များ ဆောင်ရွက်ပြီးချိန်တွင် သင်တန်း ပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ယခု ၂၀၁၈-၁၉ ပညာသင်နှစ် တွင် စတင်သည့် ဒုတိယတန်းသင် ရိုးသစ်အတွက် မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ပြ နည်းသင်တန်းပေးခဲ့သည်။

READ - ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၅၄ သန်း ထောက်ပံ့မည်

source: 7day

News Read 2538 times