Sales Hotline : 09448001653       Download App



နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများ ယခုလ ၂၈ ရက်နောက်ဆုံးထား လျှောက်ထားရမည်

နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများ ယခုလ ၂၈ ရက်နောက်ဆုံးထား လျှောက်ထားရမည်

၂၀၁၉ ခုနှစ်အတွက် အခြေခံပညာ နဝမတန်း (ပြင်ပဖြေ) စာမေးပွဲကိုလာမည့် မေ ၂ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည်  ဖြစ်ရာ နဝမတန်း ကျရှုံးခဲ့သူများနှင့် အဌမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက် မတက်နိုင်သူများသည် မတ် ၂၈ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ နဝမတန်းကျရှုံးခဲ့ကြောင်းနှင့် အဌမတန်းအောင်မြင်ကြောင်း ထောက်ခံချက် မူရင်းများနှင့်အတူ လျှောက်ထားနိုင်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

ဖြေဆိုရန် လျှောက်ထားခဲ့မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဧပြီလကုန်ပိုင်းတွင် ထုတ်ယူရမည် ဖြစ်သည်။

READ - ကမ္ဘာပေါ်ရှိ အကောင်းဆုံး တက္ကသိုလ် ၅ ခု

လက်ရှိတွင် အကျဉ်းထောင်များသို့ရောက်ရှိနေသော အချဉ်ကျ နဝမတန်း ကျောင်းသား၊ ကျောင်းသူများကိုလည်း အဆိုပါ စာမေးပွဲဖြေဆိုခွင့်အား သက်ဆိုင်ရာတရားရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုပါက အကျဉ်းထောင်များတွင် စာစစ်ဌာနများဖွင့်လှစ်ပြီး ဖြေဆိုစေမည် ဖြစ်သည်။

နဝမတန်းကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲကို ဝင်ရောက်ဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ အများဆုံးလျှောက်ထားသည့်နေရာများမှာ မြို့ကြီးများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အများဆုံး သွားလာ နေထိုင်ရာ ဒေသများဖြစ်ကြောင်း၊ တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ စာမေးပွဲဖြေဆိုလိုသူများ စာရင်းပြုစုခြင်း၊ စာဖြေဌာနများ စီစဉ်ပေးခြင်း၊ စာမေးပွဲကျင်းပခြင်းများကို မြို့နယ်ပညာရေးမှူးများကလည်းကောင်း၊ မေးခွန်းပြုစုခြင်း၊ အဖြေလွှာစစ်ဆေးခြင်း၊ အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို ခရိုင် ပညာရေးမှူးများကလည်းကောင်း တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ နဝမတန်းပြင်ပဖြေအစီအစဉ်ကို ၁၉၉၉-၂၀၀၀ ခုနှစ်မှစတင်ပြီး ဆောင်ရွက်ခဲ့ပါသည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများကို စစ်ဆေးမည့် ဆရာ၊ ဆရာမများအနေဖြင့် မိမိစစ်ဆေးမည့်ဘာသာရပ်ကို သင်ကြားသူဖြစ်ကြောင်း ထောက်ခံချက်တင်ပြရမည်

source: democracy

News Read 1429 times