Sales Hotline : 09448001653       Download App



PPTT ရေးဖြေအောင်စာရင်းများ မတ် ၂၅ ရက်တွင် ထုတ်ပြန်မည်

PPTT ရေးဖြေအောင်စာရင်းများ မတ် ၂၅ ရက်တွင် ထုတ်ပြန်မည်

လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း၏ ရေးဖြေ အောင်စာရင်းများကို လာမည့် မတ် ၂၅ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်သည်။

၂၀၁၉ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၆/၂၀၁၉) ၏ ဝင်ခွင့်ရေးဖြေ စာမေးပွဲများကို ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့ရာ ယင်းရေးဖြေ စာမေးပွဲ၏ အောင်စာရင်းများကို လာမည့် မတ် ၂၅ ရက်တွင် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ယခုနှစ်တွင် အဆိုပါသင်တန်းကို သင်တန်းသားရွေးချယ်ရာ၌ မြို့နယ်အလိုက် မူလတန်း ကျောင်းသားအရေအတွက်  များသော ဒေသများရှိ ပညာရေးကောလိပ်များကို သင်တန်းသား ပိုမို ဝင်ခွင့် ပေးသွား မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

"ဒီနှစ်ကတော့ တစ်သောင်းလောက်တော့ လက်ခံနိုင်မယ်ထင်ပါတယ်။ ဝန်ကြီးရုံးကိုတင်ထားတာ ကျရင် အောင်စာရင်းထုတ်ဖို့ကို ကျောင်းအလိုက် ကြေညာသွားမှာပါ။ ဝက်ဘ်ဆိုက်ကတော့ မီရင်လည်း တင်ပေးမှာပါ" ဟုပြောသည်။

READ - Global English Course (2/2019) မကြာမီ ခေါ်ယူတော့မည်

ယင်းသင်တန်းကို ဧပြီ ၁ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရေးဖြေနှင့်လူတွေ့စစ်ဆေးမှုများကို အောင်မြင်ပြီး သင်တန်းဝင်ခွင့်ရရှိသူများအနေဖြင့် သင်တန်းတက်ရောက်ခြင်းမရှိပါက လျော်ကြေး ငွေကျပ် သုံးသိန်းကို ပေးဆောင်ရန် အတွက် ယခုနှစ်မှ စတင်ပြီး တိုးမြှင့်သတ်မှတ်လိုက်ပါသည်။

ယခင်က ဝင်ခွင့်ရရှိပြီး သင်တန်းမတက်ပါက လျော်ကြေးငွေကျပ်ငါးသောင်းသာ ပေးဆောင်ခဲ့ကြောင်း သင်တန်းဝင်ခွင့်ရသူများသည် ယင်းသင်တန်းကို ယာယီသာ တက်ရောက်လေ့ရှိသည့်အတွက် အမှန်တကယ် သင်တန်းတက်ရောက်လိုသူများ နစ်နာနေရသည့်အတွက် တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ရေးဖြေအောင်မြင်သူများ၏ စာရင်းများကို ကြေညာပြီးသည့်နောက်တွင် သင်တန်းသား စိစစ်လက်ခံခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများကို ကျောင်းအလိုက် ယခုလကုန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ယခုနှစ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ လေးသောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့သည်။

READ - ၈ တန်းအောင်ပြီးသူတိုင်း သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားနိုင်မည့်အခွင့်အရေး....

source: democracy

News Read 6069 times