News

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို လာမည့်ဇွန်ပထမအပတ် (သို့မဟုတ်) ဒုတိယအပတ်တွင် ထုတ်ပြန်ကြေညာမည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းငါးသောင်းခန့် ဝင်ရောက်ဖြေဆိုခဲ့ပြီး ယင်းတို့၏ အောင်စာရင်းကို လာမည့် ဇွန်ပထမ အပတ် (သို့မဟုတ်) ဒုတိယအပတ်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ ဘာသာရပ်များအားလုံးကို စစ်ဆေးပြီးစီးသွားပြီးဖြစ်ရာ အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်သိန်းကိုးသောင်းကျော် ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းငါးသောင်းကျော်သာ ဖြေဆို ခဲ့ပြီး ပျက်ကွက်သူ  ငါးသောင်းနီးပါးရှိခဲ့သည်။

READ - ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားများ ဆေးတက္ကသိုလ်တက်ရောက်ခွင့်ကို ယခင်ထက် တိုးမြှင့်ထား

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်အရ ငါးနှစ်အတွင်း ယခုနှစ်သည်ဖြေဆိုရန် စာရင်းပေးသွင်းသူ အများဆုံးဖြစ်ခဲ့သလို ဝင်ရောက်ဖြေဆို အရေအတွက် အများဆုံးနှစ် လည်း ဖြစ်ပါသည်။

"အခြေခံအတန်းတွေရဲ့ အောင်စာရင်းကတော့ ဧပြီ ၂၁ ရက် တနင်္ဂနွေနေ့ ထွက်ဖို့တော့လုပ်ထားတယ်" ဟု ဦးမျိုးညွန့်ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာ သူငယ်တန်းမှ ဒသမတန်းအထိ ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ပညာသင်ကြားခဲ့ပြီး သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းတို့ကို သင်ရိုးသစ် များဖြင့် သင်ကြားမှုများ  ပြုလုပ်ခဲ့သည်။

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ တတိယတန်းနှင့် ဆဌမတန်းတို့ကို သင်ရိုးသစ်များဖြင့် သင်ကြားမှုများ ပြုလုပ်တော့မည် ဖြစ်သည်။

READ - အလယ်တန်းအဆင့် ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း

source: democracy

Read times
Rate this item
(1 Vote)