Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားဖို့ အမှတ်ပေး စည်းမျဉ်းဆိုင်ရာ အချက်များ မျှဝေပေးမည်

တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားဖို့ အမှတ်ပေး စည်းမျဉ်းဆိုင်ရာ အချက်များ မျှဝေပေးမည်

ပညာရေးဝန်ကြီးဌာန အနေနဲ့လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမြင့်မားဖို့ တက္ကသိုလ်ဒီဂရီကောလိပ်က ဆရာ ဆရာမတွေကို ခေါ်ယူပြီး အချိန်ပိုနဲ့ အနီး ကပ်သင်ကြားမယ်လို့ အခြေခံပညာဦးစီးဌာန နေပြည်တော်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ယခင်နှစ်ကထက် အောင်ချက်ရာခိုင် နှုန်းမြင့်မားဖို့ စီမံချက်ရေးဆွဲဆောင်ရွက်မှာဖြစ်ပြီး အနီးကပ်အချိန်ပိုတွေ သင်ကြားရမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

တက္ကသိုလ် ဆရာဆရာမတွေ ခေါ်ယူသင်ကြားတဲ့အခါမှာ အချိန်ကာလ သတ်မှတ်ထားတာမရှိဘဲ အခြေခံပညာကျောင်းတွေအနေနဲ့ မိမိအစီအစဉ်နဲ့ ခေါ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အမှတ်ပေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကျောင်းတွေက ဖိတ်ခေါ်မယ်ဆိုရင် လုပ်ပေးမှာ ဖြစ်ပါတယ်။

ဆရာ ဆရာမတွေနဲ့ ဆွေးနွေးတာပဲဖြစ်ဖြစ်၊ ကျောင်းသူကျောင်းသားတွေကို ပို့ချတာပဲဖြစ်ဖြစ်၊ အမှတ်ပေး စည်းမျဉ်းအတွေ့အကြုံ ဖလှယ်တဲ့သဘောပဲ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အခြေခံပညာကျောင်းတွေမှာ အထက်တန်းပြ လိုအပ်ချက်အနေနဲ့ အထက်တန်းပြရာထူး ထမ်းဆောင်နေရပြီး စာစစ် အတွေ့အကြုံ မရှိသေးတဲ့ ဆရာ ဆရာမတွေအတွက်လည်း သိထားသင့်တဲ့ အကြောင်းအရာတွေကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။

စာမေးပွဲဖြေတဲ့ကျောင်းသားတွေ မှားလေ့မှားထရှိတဲ့အရာတွေကို ပြောပြပြီး သည်အမှားတွေကို ရှောင်နိုင်ရင် သူတို့ အမှတ်ရတွေ ပိုရအောင်၊ ပြီးတော့အမှတ်ပေးစည်းမျဉ်းမှာ မရှင်းမလင်းဖြစ်နေတာတွေကို ရှင်းပြပေးခြင်းတွေ ပြု လုပ်ပေးမှာပါ။

အခြေခံပညာ အထက်တန်းကျောင်းတွေနဲ့ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတွေ၊ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေကိုပါ လိုက်လံဆွေးနွေးပေးမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောင်း နှစ်ကျောင်း လောက်ပဲ ပြု လုပ်ရပါသေးတယ်။

အထက်တန်းတွေမှာ တချို့အထက်တန်းပြဆရာ ဆရာမတွေ သင်သာ သင်နေရတာ အမှတ်ပေး စည်းမျဉ်းအကြောင်း မသိသေးတဲ့ဆရာ ဆရာမတွေ အလွဲအချော်လေးတွေ ဖြစ်မှာစိုးလို့ အတွေ့အကြုံဖလှယ်ပေးတာပဲ ဖြစ်ပါတယ်။

စာစစ်အတွေ့အကြုံရှိပြီးသားသူတွေကတော့ သိပ်ပြီး ပြဿနာမရှိဘူးပါဘူး၊ တချို့ကျတော့ ကျောင်းပြောင်းရတယ်၊ ကျောင်းသစ်ရောက်တော့ လိုအပ်ချက်အရ ကိုယ်သင်တဲ့ဘာသာရပ်ကနေ တခြား ဘာသာ ပြောင်းသင်ရတာတွေရှိတယ်၊ အဲဒီဘာသာတွေအတွက် အမှတ်ပေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး စာစစ်အတွေ့အကြုံ မရှိသေးတဲ့ဆရာ ဆရာမတွေအတွက် သိထားသင့် တာတွေကို ဆွေးနွေးပေးပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 4216 times