Sales Hotline : 09448001653       Download App



ဆယ်တန်းဖြေပြီးတဲ့အခါ အသွားသင့်ဆုံးနေရာများ

ဆယ်တန်းဖြေပြီးတဲ့အခါ အသွားသင့်ဆုံးနေရာများ

ကဲ တက္ကသိုလ်ဝင်စာမေးပွဲကြီးလည်း ဖြေပြီးသွားပြီဆိုတော့ ညီငယ်၊ ညီမငယ်လေးတို့ သူငယ်ချင်းတွေနဲ့ ဘယ်သွားဖို့ Plan ထားပါသလဲ။ ကျန်တဲ့ဘာသာရပ်တွေလည်း ရှိပါသေးတယ်နော်။

မစဉ်းစားရသေးရင်တော့ မင်မင်အနေဖြင့် တစ်ချက်လောက် အကြံပြုချင်ပါတယ်နော်...။

စိတ်ကို relax ဖြစ်စေမယ့် နေရာမျိုးတွေကို ရွေးချယ်သွားစေချင်ပါတယ်။

လူတိုင်းကတော့ သွားချင်တဲ့နေရာတွေ မတူညီကျတဲ့အခါ သွားလို့ အဆင်ပြေဆုံးနေရာလေးတွေကို ရွေးချယ်ပေးချင်ပါတယ်နော်။

၁။ ရုပ်ရှင်ကြည့်ပါ။

ပထမဆုံးအနေဖြင့် ရုပ်ရှင်ဇာတ်ကားတစ်ကားကို ရွေးချယ်ကြည့်စေချင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါမှာ တစ်ယောက်ထဲ သွားမကြည့်ပါနဲ့ ပျင်းရိသွားမှာဆိုးလို့ပါ။ သူငယ်ချင်းတွေ စုပြီး ရုပ်ရှင်ကြည့်ရတဲ့ ခံစားချက်က အရမ်းကို ပျော်ရွှင်စရာ ကောင်းပါတယ်။

၂။ အိပ်ပါ။

စာမေးပွဲတွင်းမှာ ညတိုင်း စာကြည့်ရတဲ့အခါ အိပ်ရေးပျက်တာတွေ များနေမှာဖြစ်တဲ့အတွက် ဘယ်မှမသွားချင်တဲ့အခါ အိပ်ရေးဝဝ အိပ်ဖို့ အကြံပြုချင်ပါတယ်။ ကိုယ်က အပြင်သွားရတာ မကြိုက်တဲ့သူဆိုရင်တော့ အိပ်ယာထဲ အေးဆေး နားနေသင့်ပါတယ်။

၃။ ကမ်းခြေသွားပါ။

နွေရာသီရောက်တော့မယ်ဆိုတော့ ကမ်းခြေသွားဖို့ အကောင်းဆုံးအချိန် ဖြစ်နေပါတယ်။ မိသားစုလိုက် အပန်းဖြေ ခရီးလေး သွားသင့်ပါတယ်။

၎။ ဘုရားသွားပါ။

ရုပ်ရှင်မကြည့်ချင်ဘူး၊ ခရီးမသွားချင်ဘူးဆိုတဲ့သူတွေက ဘုရားသွားချင်ကြမယ် ထင်ပါတယ်။

၅။ တောင်တက်ခရီးသွားပါ။

လူငယ်တွေအနေနဲ့ တောင်တက်ခရီးသွားရတာ အရမ်းကြိုက်မယ်လို့ ယုံကြည်ပါတယ်။ တောင်တက်တဲ့အခါ တက်နေတုန်းသာ အရမ်းပင်ပန်းတယ် ဖြစ်ပေမယ့် တောင်ပေါ်ရောက်တဲ့ ခံစားချက်က ပြောပြမတတ်နိုင်အောင် ကောင်းလွန်းလှပါတယ်။ သဘာဝအလှတရားတွေကို တဝကြီး ကြည့်ပြီး စိတ်ကို အပန်းဖြေချင်ဖို့ ရည်ရွယ်ထားပါက တောင်တက်ခရီးကို ရွေးချယ်ပါ။

၆။ အင်တာနက်သုံးပါ။

အကယ်၍ သင်ဟာ Facebook သုံးနေတယ်ဆိုရင်တောင်မှ အကျိုးရှိရှိ အသုံးချစေချင်ပါတယ်။ Facebook သုံးနေရင်လည်း လေ့လာစရာတွေ အများကြီးရှိပါတယ်။ အင်တာနက်ဆိုတာ သင်သုံးတတ်ရင် ဆေး ဖြစ်စေနိုင်သလို မသုံးရင်တတ်ရင်လည်း ဘေးဖြစ်စေတယ်ပေါ့နော်။

ဒါကြောင့် ကိုယ်လေ့လာစေချင်တဲ့ အကြောင်းအရာများကို google အသုံးပြုပြီး ရှာနိုင်ပါတယ်။

READ - တရားထိုင်ခြင်းမှ ကျောင်းသားများအတွက် ရရှိသော အကျိုးကျေးဇူးများ

Author: YYN

Tips Read 4212 times