Sales Hotline : 09448001653       Download App



ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မသန်စွမ်းစာဖြေသူ ၁၆၀ ကျော် ဝင်ရောက်ဖြေဆို

ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မသန်စွမ်းစာဖြေသူ ၁၆၀ ကျော် ဝင်ရောက်ဖြေဆို

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးမှ မသန်စွမ်းစာဖြေသူ ၁၆၀ ကျော် ဝင်ရောက်ဖြေဆိုနေရာ ယခင်နှစ်ကထက် အရေအတွက် တိုးလာပါသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ရာ အမြင်အာရုံမသန်စွမ်း စာဖြေသူအရေအတွက်မှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စုစုပေါင်း ၂၄ ဦး ဝင်ရောက်ဖြေဆိုနေသည်။

အကြားအာရုံမသန်စွမ်း စာဖြေသူမှာ  ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုစုပေါင်းကိုးဦး ရှိသည်။

ကိုယ်လက်အင်္ဂါမသန်စွမ်းစာဖြေသူမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၃၂ ဦးရှိပြီး စုစုပေါင်း မသန်စွမ်းစာဖြေသူမှာ ၁၆၅ ဦး ဦးရှိသည့်အတွက် ယခင်နှစ်ကထက် အရေအတွက် တိုးလာကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနစာရင်းများအရ သိရသည်။

မသန်စွမ်းစာဖြေသူများထဲမှ အကြားအာရုံမသန်စွမ်း စာဖြေသူများကို မေးခွန်းပုံစံသဘောပေါက်နားလည်စေရန် လူမှုဝန်ထမ်းသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများက Sign Language ဖြင့် နေ့စဉ် ၁၅ မိနစ်ခန့် ရှင်းလင်းမှုများကို ပြုလုပ်ပေးပါသည်။

READ - စာမေးပွဲကိုယ်တိုင် မဖြေဆိုနိုင်သူများအတွက် ဆေးရုံစာစစ်ဌာနများတွင် ကိုယ်စားဖြေဆိုပေးမည့်သူများ အဆင်သင့် စီစဉ်ပေးထားမည်

တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့်နေ့တွင် ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာန ၌ လူနာစာဖြေသူ ၇ ဦး စာရင်းပေးထားပြီး ၃ ဦးမှာ ကိုယ်စားဖြေဆိုပေးရပြီး ကျန်စာဖြေသူများမှာ ကိုယ်တိုင်ဖြေဆိုကြသည်။

မြောက်ဥက္ကလာပ ဆေးရုံကြီးတွင်လည်း လူနာစာဖြေသူ ၇ ဦးရှိပြီး ကျန်စာဖြေသူများမှာ ကိုယ်တိုင် ဖြေဆိုရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အကျဉ်းထောင်များမှ ဝင်ရောက်ဖြေဆိုသော အကျဉ်းသားအချုပ်သား အရေအတွက်မှာလည်း ယခင်နှစ်ကထက် ပိုမိုများပြားခဲ့ပြီး ယခုနှစ်တွင် အင်းစိန် ဗဟို အကျဉ်း ထောင်၊ မန္တလေးဗဟို အကျဉ်းထောင်၊ ဘားအံအကျဥ်းထောင်၊ ကသာအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ သရက်အကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်တို့မှ ဖြေဆိုရန် စာရင်းပေးသွင်းသူမှာ ၁၈၀ ရှိပြီး ရဲစခန်းအချုပ်များမှ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူမှာ ၅ ဦး ရှိသည်။

ယခင်နှစ်က အကျဉ်းသား အချုပ်သား ၁၁၀ သာ ဝင်ရောက်ဖြေဆိုခဲ့သည်။

ယခုနှစ်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲကို ဖြေဆိုသူမှာ ၃ ဦး ရှိသည်။

ယခင်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်း စာဖြေသူအရေအတွက် ၁၅၇ ဦး ရှိခဲ့သည်။

READ - မေးခွန်းပုံစံပြောင်းထားသော တက္ကသိုလ်ဝင်စာမေးပွဲအတွက် အကြံပြုချက်

source: democracy

News Read 1308 times