Sales Hotline : 09448001653       Download App



န၀မတန်း (ပြင်ပဖြေ) စာမေးပွဲ မေလတွင် ကျင်းပမည်

န၀မတန်း (ပြင်ပဖြေ) စာမေးပွဲ မေလတွင် ကျင်းပမည်

ကျောင်းပြင်ပ သို့မဟုတ် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ကျောင်းသားများအနေဖြင့် အဋ္ဌမ တန်း အောင်မြင်ကြောင်း လက်မှတ်ကိုပြ၍ န၀မတန်း (ပြင်ပဖြေ) ၀င်ရောက်ဖြေဆိုနိုင်ပြီး အောင်စာ ရင်းများကို ဇွန်လ ကျောင်းဖွင့်ချိန် မတိုင်မီ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

အခု လောလောဆယ်မှာတော့ ပညာရေးဝန်ကြီးဌာနက ကြေညာချက်မထုတ်သေးတဲ့အတွက် စာမေးပွဲဖြေဆိုရမယ့်ရက်ကို အတိအကျမသိသေးဘူး ဖြစ်ပါတယ်။

မေလ ဆန်းပိုင်းလောက်တော့ ဖြေဆိုရမှာပါ။ ဒီပြင်ပ ဖြေစာမေးပွဲက နှစ်တိုင်း ကျောင်းပြင်ပက ကျောင်း သားတွေအတွက် စာမေးပွဲပြုလုပ် ပေးနေတာ ဖြစ်ပါတယ်။

ထိုစာမေးပွဲ မေးခွန်း များမှာ သက်ဆိုင်ရာ မြို့နယ်ပညာ ရေးမှူးက ဖွဲ့စည်းပေးထားသည့် ဘာသာပြ ဆရာများက မေးခွန်းပြု စုရပြီး မြို့နယ်ပညာရေးမှူး ပါဝင်သည့်အဖွဲ့က ကြီးကြပ်စစ်ဆေး၍ အအောင်၊ အရှုံး သတ်မှတ်ပေးကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

န၀မတန်းအောင်မြင်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပထမအကြိမ် ဖြေဆိုမည့် ကျောင်းသားများကို ပြင်ပဖြေအဖြစ် ၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၀င်ရောက် ဖြေဆိုခွင့်မပြုကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရှိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 3616 times