Sales Hotline : 09448001653       Download App



ဆေးကုသခံရခြင်းကလွဲ၍ စာစစ်တာဝန်မငြင်းပယ်ရန် အဖြေလွှာစစ်မည့် ဆရာ၊ ဆရာမများကို အသိပေး

ဆေးကုသခံရခြင်းကလွဲ၍ စာစစ်တာဝန်မငြင်းပယ်ရန် အဖြေလွှာစစ်မည့် ဆရာ၊ ဆရာမများကို အသိပေး

စတုတ္ထတန်းနှင့်အဋ္ဌမတန်းစာမေး ပွဲအဖြေလွှာစစ်ဆေးရမည့်ဆရာ၊ ဆရာမများအနေဖြင့် ကိုယ်တိုင် ဆေးကုသခံရခြင်းကြောင့်မှလွဲ၍ စာစစ်တာဝန်မငြင်းပယ်ရန် မြို့ နယ်ပညာရေးမှူးရုံးများက အသိ ပေးထားသည်။

စတုတ္ထတန်းနှင့်အဋ္ဌမတန်း စာမေးပွဲအဖြေလွှာများ စစ်ဆေးရန် မူလတန်းပြနှင့်အလယ်တန်းပြ ဆရာ၊ ဆရာမများကို မြို့နယ် ပညာရေးမှူးရုံးများက ဖေဖော်ဝါ ရီ ၂၂ ရက်တွင် ရွေးချယ်တာဝန် ပေး ထားပြီး စာမေးပွဲကိစ္စရပ်များ သည် အလွန်အရေးကြီးသော ကြောင့် ကိုယ်တိုင်ဆေးကုသခံယူ ခြင်းကလွဲ၍ ရှောင်လွှဲပျက်ကွက် ခွင့်မပြုဟု တစ်ပါတည်းအသိပေး ထားသည်။

‘‘စာစစ်ဖို့ ဆရာ၊ ဆရာမ တွေ တာဝန်ပေးထားတာ လုပ် နိုင်မယ့်သူတွေကို တစ်ခါတည်း ဘာသာရပ်နဲ့ ကိုက်အောင်လုပ် ထားပြီးသားပါ။ မြန်မာစာဆို လည်း မြန်မာစာသင်တဲ့ဆရာမ၊ သင်္ချာဆိုလည်း သင်္ချာသင်သူမှ သွားစစ်ဖို့ လွှတ်တာပါ။ သင်္ချာ သင်တဲ့သူပျက်ကွက်လို့ မြန်မာစာ သင်တဲ့သူက စစ်လို့မရဘူး’’ ဟု ဧရာဝတီတိုင်းဒေသကြီးရှိ မြို့ နယ်ပညာရေးမှူးတစ်ဦးက ပြော သည်။

ယခင်ပညာသင်နှစ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သတ်မှတ်နေရာတွင် မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမများက အဖြေလွှာသွား ရောက်စစ်ဆေးရပြီး အဖြေလွှာ စစ်ဆေးခနှင့် ခရီးသွားလာစရိတ် ကို ပညာရေးဝန်ကြီးဌာနက ချ ထားပေးသည်။

ယခုနှစ်တွင် ယခင်နှစ်များ ကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည် နယ်အဆင့်သတ်မှတ်နေရာသို့ သွားရောက်စစ်ဆေးရန်မလိုဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံး၊ ခရိုင်ပညာရေး မှူးရုံးများ၏ ကြီးကြပ်မှုဖြင့် မြို့ နယ်အဆင့် သတ်မှတ်နေရာ၌သာ စစ်ဆေးရမည်ဖြစ်သည်။

READ - အဌမတန်းအဖြေလွှာစစ်ဆေးမည့် ဆရာ၊ ဆရာမများ အဖြေလွှာတစ်အုပ်လျှင် ကျပ်ငါးဆယ် ရရှိမည်

အဖြေလွှာ စစ်ဆေးမည့် ဆရာ၊ ဆရာမများကို သက်ဆိုင် ရာမြို့နယ်ပညာရေးမှူးရုံးများက တာဝန်ခွဲဝေချထားပြီး ဖေဖော် ၀ါရီနောက်ဆုံးပတ်ကစတင်၍ အ ဖြေလွှာစစ်ဆေးရမည် ဖြစ်သည်။

ယခုပညာသင်နှစ် စတုတ္ထ တန်းနှစ်ဆုံးစာမေးပွဲကို ဖေဖော် ၀ါရီ ၁၈ ရက်မှ ၂၂ ရက်အထိ၊ အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲကို ဖေ ဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်း စစ်ဆေးနေသည်။

စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစစ်ဆေးခြင်းအပေါ် ယခင် နှစ်အတိုင်း အောင်၊ ရှုံးဆုံးဖြတ် မည်ဖြစ်ပြီး ကျရှုံးပါက အခန်းဆုံး စာမေးပွဲ၊ ပထမနှစ်ဝက်ဆုံးစာမေး ပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက် မှု ရလဒ်များဖြင့် အအောင်ပေး မည်ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးချုပ်ဦး ကိုလေးဝင်းက ပြောသည်။

နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများသည် ဘာသာရပ်တစ်ခု၌ အဆင့်(D)(ကျ ရှုံး)ရရှိနေပါက အခန်းဆုံးစစ်ဆေး မှု (CET)(သို့မဟုတ်)ပထမနှစ် ၀က်ဆုံးစာမေးပွဲတွင် ထိုဘာသာ ရပ်၌ (A), (B),(C)အဆင့်တစ် ခုခုရရှိထားပါက ထိုဘာသာရပ်၏ နှစ်ဆုံးစာမေးပွဲရလဒ်ကို (D)မှ (C)သို့ ပြင်ဆင်ပေးမည်ဖြစ်သည်။

ထိုစာမေးပွဲရလဒ်များဖြင့် ဖြည့် ဆည်းသော်လည်း (D)အဆင့်ရ ဘာသာရပ်ကျန်ရှိနေသေးလျှင် တစ်နှစ်ပတ်လုံးကျောင်းလုပ်ငန်း ဆောင်ရွက်မှု (CPR)ရလဒ်ဖြင့် (C)အဆင့်သို့ ပြောင်းပေးမည်ဖြစ် သည်။

source: 7day

News Read 1304 times