Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမများ စာစစ်ဌာနသို့ ဖုန်းယူမလာရန် သတိပေး

တက္ကသိုလ်ဝင်စာမေးပွဲခန်းစောင့် ဆရာ၊ ဆရာမများ စာစစ်ဌာနသို့ ဖုန်းယူမလာရန် သတိပေး

စာစစ်ဌာန ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမတစ်ဦးတည်းမှ လွဲ၍ တက္ကသိုလ်ဝင်စာမေးပွဲ ခန်း စောင့် တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမအားလုံး စာစစ်ဌာနသို့ ဖုန်းယူ မလာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သတိပေးထားသည်။

စာမေးပွဲနှင့် ပတ်သက်၍ မသမာမှုမဖြစ်စေရန် စာမေးပွဲ ကျင်းပနေချိန်တွင် ဆရာ၊ ဆရာမများ ဖုန်းယူဆောင်လာခွင့်ကို ကန့်သတ်ခြင်းဖြစ်ပြီး ဖုန်းပါရှိလာပါက နံနက် ၈ နာရီမှ နေ့လယ်၁၂ နာရီခွဲ အတွင်း ကြီးကြပ်ရေးမှူးများက သော့ခတ်သိမ်းဆည်းထားရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားသည်။

‘‘ဆရာ၊ ဆရာမတွေ တယ် လီဖုန်း အဲဒီအချိန်သုံးခွင့်မရှိဘူး။ မသုံးရဘူး။ စာမေးပွဲကြီးတစ်ခုလုံး ကို အဓိကတာဝန်ရှိတဲ့ ကြီးကြပ် ရေးမှူး ဆရာကြီး၊ ဆရာမကြီး တစ်ဦးပဲ။ သူကလည်း တာဝန်အရ ဆက်သွယ်ဆောင်ရွက်နိုင် အောင်ပေါ့။

ကျန်တဲ့ ဆရာ၊ ဆရာမတွေကတော့ ဘယ်သူမှ တယ်လီ ဖုန်း အဲဒီအချိန်မှာ သုံးခွင့်မရှိပါ ဘူး။ ဒါကို Alarm လုပ်တာ၊ သတိ ပေးတာပေါ့’’ဟု မြန်မာနိုင်ငံ စာ စစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာသိန်းဇံက ပြော သည်။

စာမေးပွဲကျင်းပနေချိန်အတွင်း သက်ဆိုင်ရာသို့ စာမေးပွဲ လုပ်ငန်းဆိုင်ရာ အချက်အလက် များပေးပို့ရန် လိုအပ်ပါက ကြီးကြပ်ရေးမှူးက ၎င်း၏ဖုန်းကို စာရင်းပေးပို့မည့် ရုံးအဖွဲ့ကို ခေတ္တထုတ်ပေးပြီး ၎င်း၏ ရှေ့မှောက်တွင်ပင် ဖုန်းဖြင့် သတင်းပေးပို့ အသုံးပြုစေရန်နှင့် ပြီးစီးပါက ပြန်လည်သိမ်းဆည်းထားရန် စာစစ်ဌာနကြီးကြပ်ရေးမှူးများအား ညွှန်ကြားထားသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်သင်္ချာဓာတုဗေဒ ဘာသာရပ်မေးခွန်း ဓာတ်ပုံများ စာမေးပွဲကျင်းပနေဆဲ နံနက် ၁၀ နာရီနှင့် ၁၁ နာရီအတွင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

စာမေးပွဲမေးခွန်းများကို လူမှုကွန်ရက်ပေါ် စတင်ခဲ့သည့် ပဲခူးမြို့မှ လူမှုကွန်ရက်သုံးစွဲသူ အရပ်သားတစ်ဦး ကို ပဲခူးတိုင်းဒေသကြီး ပညာရေး မှူးရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။

‘‘စာမေးပွဲမေးခွန်းက ဖြေဆို ချိန်ပြီးမှ အပြင်က သိခွင့်ရှိတာ။ မနှစ်ကဆို အွန်လိုင်းမှာ ပြန့်နေ တဲ့ ဖြစ်စဉ်က ဆရာ၊ ဆရာမတွေ ကြောင့် ဖြန့်သလားလို့တောင် ဝေ ဖန်ခံရတာရှိခဲ့တယ်’’ဟု သင်္ဃန်း ကျွန်းမြို့နယ်မှ အလယ်တန်း ကျောင်းအုပ်ကြီးတစ်ဦးက ဆို သည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အ ထိ ကျင်းပမည်ဖြစ်သည်။

source: 7day

News Read 4606 times