Sales Hotline : 09448001653       Download App



အလယ်တန်းပြ (PGDMA) များအား Multi-media သင်ကြားရေးသာမက ဘာသာရပ်သင်ကြားရေးကိုပါ တာဝန်ပေးရန်

အလယ်တန်းပြ (PGDMA) များအား Multi-media သင်ကြားရေးသာမက ဘာသာရပ်သင်ကြားရေးကိုပါ တာဝန်ပေးရန်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော အလယ်တန်းပြ (PGDMA) သင်တန်းဆင်းများအား အလယ်တန်းပြ (Sanction) နေရာတွင် ခန့်ထားသူများဖြစ်ပါ၍ သက်ဆိုင်ရာ ကျောင်းအုပ်ကြီး အဆင့်သင် ဘာသာရပ်များကိုပါ မျှတစွာ တာဝန်ပေးရန် လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပါသည်။

PGDMA အလယ်တန်းပြအဖြစ် လျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲအတွက် ကွန်ပျူတာ ပညာရပ် နားလည်တတ်ကျွမ်းမှု အခြေခံသည့် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ကို ရေးဖြေ စာမေးပွဲ ဖြေဆိုရမည်။ သင်တန်းကာလမှာ (၁၀) လ ဖြစ်သည်။

သင်တန်းတက်ရောက်အောင်မြင်သူများကို အခြေခံပညာကျောင်းများတွင် အလယ်တန်းပြအဖြစ် ခန့်အပ်တာဝန်ပေးပါသည်။

မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန် ဒီပလိုမာ (ပညာရေး) သင်တန်း ကို ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနများ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားပါသည်။

 

News Read 2858 times