Sales Hotline : 09448001653       Download App



စာမေးပွဲကိုယ်တိုင် မဖြေဆိုနိုင်သူများအတွက် ဆေးရုံစာစစ်ဌာနများတွင် ကိုယ်စားဖြေဆိုပေးမည့်သူများ အဆင်သင့် စီစဉ်ပေးထားမည်

စာမေးပွဲကိုယ်တိုင် မဖြေဆိုနိုင်သူများအတွက် ဆေးရုံစာစစ်ဌာနများတွင် ကိုယ်စားဖြေဆိုပေးမည့်သူများ အဆင်သင့် စီစဉ်ပေးထားမည်

လာမည့် မတ်လ ၆ ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာမေးပွဲမဖြေဆိုခင် အချိန်နှင့် ဖြေဆိုနေသည့် အချိန်များတွင် ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတက်ဖြေဆိုရမည့် ကျောင်းသား/သူများအတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဆေးရုံကြီးခြောက်ခုတွင် စာစစ်ဌာနများ ဖွင့်လှစ်ပေးထားမည် ဖြစ်သလို ကိုယ်စား ဖြေဆိုပေးရမည့် ကျောင်းသား/သူများအတွက်ကိုလည်းစီစဉ်ပေးထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

"စာမေးပွဲဖြေတုန်း ဆေးရုံတက်ရရင်တော့ ရောက်တဲ့အချိန်ကလည်းစဖြေလို့ရတယ်။ ဆေးရုံက မဆင်းရသေးလို့ ဆေးရုံမှာပဲ ဆက်ဖြေရမယ်ဆိုရင်လည်း ဖြေလို့ရမယ်။ ဆေးရုံတက်ပြီး ကောင်းသွားတော့ ကျောင်းမှ ပြန်ဖြေမယ်ဆိုရင်လည်း ရတယ်" ဟု ပြောသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံစာစစ်ဌာနခြောက်ခုသာ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သော်လည်း စာမေးပွဲဖြေဆိုနေစဉ် အချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး အခြေအနေ များကြောင့် ဆေးရုံစာစစ်ဌာနများကို ၁၂ ခု အထိ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ရသည်။

ယခင်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆေးရုံစာစစ်ဌာနများ၌ ဖြေဆိုခဲ့သူ ၈၀ ကျော် ရှိခဲ့သည်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် အချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများကို အရေးပေါ် ဆေးရုံတင်ရသည့် အခြေအနေများ ရှိခဲ့ပြီး ယခုနှစ်အတွက်လည်း ယင်းကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာပါက အဆင်ပြေစေရန်အတွက် ဆောင်ရွက် ထားသည်။

ယခင်နှစ်က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသူမှာ စာမေးပွဲဖြေဆိုနေစဉ်အတွင်း အရေးပေါ် ဆေးရုံတင်ခဲ့ရသည့် အခြေအနေများ ရှိခဲ့သည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းကိုးသောင်းကျော် ဖြေဆိုရန် စာရင်းပေးထားသည်။

source: democracy

News Read 1298 times