Sales Hotline : 09448001653       Download App



ဆယ်တန်းစာမေးပွဲ အောင်ဖို့အတွက်ဆို....

ဆယ်တန်းစာမေးပွဲ အောင်ဖို့အတွက်ဆို....

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးက တဖြည်းဖြည်းနဲ့ နီးကပ်လို့ လာပါပြီနော်။ ကျောင်းသား၊ ကျောင်းသူတွေ အနေဖြင့် ရင်ခုန် စိတ်လှုပ်ရှားနေမယ်လို့လည်း ထင်ပါတယ်။ Admin တုန်းကဆိုရင်လည်း အရမ်းကို စိတ်ပူပြီး ဖြေနိုင်ပါ့လား အောင်ရော အောင်ပါ့ မလားဆိုပြီး စိတ် ပင်ပန်းခဲ့ရပါတယ်။

ဆယ်တန်းဆိုတာ ဘ၀ရဲ့ အချိုးအကွေ့ တစ်ခုဖြစ်တဲ့အတွက် အားလုံးကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အောင်ချင်တာပေါ့နော်။ အောင်အောင်လည်း ကြိုးစားနေမယ်လို့လည်း ယုံကြည်ပါတယ်။

အောင်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါအချက်တွေ ဖတ်ကြည့်လိုက်ပါနော်။

နံပါတ် (၁) စာအုပ်ထဲမှာ စာစုံအောင်ရှိရမယ်။

စာမေးပွဲကြီးက အရမ်းနီကပ်နေပြီဖြစ်တဲ့အတွက် စာအုပ်ထဲမှာတော့ သင်ထားသမျှ စာတွေ အပြည့်အစုံ ရှိနေဖို့ လိုပါတယ်။ မရှိသေးရင်လည်း သူငယ်ချင်းတွေဆီက မိတ္တူကူးပြီး ယူထားဖို့ အကြံပြုချင်ပါတယ်။ စာကြည့်မယ်လို့ စဉ်းစားထားပြီး စာအုပ်ထဲမှာ ကွက်လပ်တွေကြီး မြင်ရတဲ့အခါ စာလုပ်ချင်တဲ့စိတ်က auto ပျောက်သွားနိုင်ပါတယ်။ ဒီတော့ မှတ်စုစာအုပ်တွေ စုံလား မစုံလား ပထမဆုံး စစ်ဆေးပါ။

နံပါတ် (၂) စာကျက်ချိန်ကို စီမံခန့်ခွဲပါ။

စာကျက်တဲ့အခါ စနစ်တကျ ကျက်တဲ့ ကျောင်းသားများကတော့ time table လေး နဲ့ သွားပါတယ်။ လူတိုင်းကတော့ စာကျက်ချိန်၊ စာကြည့်ချိန်၊ စာတွက်ချိန်တွေ မတူညီကြပါဘူး။ ဆိုလိုချင်တာကတော့ မိမိအတွက် အဆင်ပြေ ဆုံး အချိန်ကိုသာ ရွေးချယ်ပြုလုပ်ပါ။

ဘယ်ဘာသာရပ် အားနည်းနေလဲဆိုတာ သင်ကိုယ်တိုင် အသိဆုံး ဖြစ်ပါတယ်။ ဒီတော့ ကိုယ်အားနည်းတဲ့ ဘာသာကိုလည်း ကျက်ဖို့အတွက် အချိန်ပေးပါ။ စာကျက်တဲ့အခါ ဘာသာရပ် တစ်ခုချင်း စီတိုင်း မျှတအောင်တော့ ကျက်ပါ။ ဆယ်တန်းဆိုတဲ့ စာမေးပွဲကြီးက တစ်ဘာသာ ကျလည်း ကျတာဘဲနော်။

နံပါတ် (၃) နားလည်အောင် ပြုလုပ်ပါ။

ဒီအချိန်ကတော့ revision ပြန်လုပ်ရမယ့် အချိန်ဖြစ်နေပါပြီနော်။ ဘာသာရပ်တိုင်းရဲ့ သင်ခန်းစာအားလုံးကို နားလည်သလား၊ ဒီမေးခွန်းလာရင် ငါဖြေတတ်လား မဖြေတတ်သေးဘူးလား ဆိုတာ သေချာဆန်းစစ်ပါ။ ဇဝေဇ၀ါ ဖြစ်နေ ပါက ဆရာ၊ ဆရာမတွေဆီမှာ ပြန် မေးပါ။ နားမလည်တာကို နားလည်ယောင်ဆောင်ထားမယ်ဆိုရင်တော့ စာမေးပွဲခန်းထဲ ရောက်တဲ့အချိန်မှ သိပါလိမ့်မယ်နော်။

နံပါတ် (၄) မေးခွန်းဟောင်းတွေကြည့်ထားပါ။

ဒီနှစ် မေးခွန်းပုံစံကတော့ ပြောင်းမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အားလုံးပြောင်းတာ မဟုတ်ပါဘူးနော်။ စဉ်းစားတွေးခေါ်မှုအပိုင်းတွေလောက်ပဲ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီတော့ မေးခွန်းဟောင်းတွေကိုလည်း လေ့လာစေချင် ပါတယ်။

နံပါတ် (၅) ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ပို့ချချက်များကို လေ့လာပါ။

နောက်ဆုံး အချက်ကတော့ အရမ်းကို အရေးကြီးပါတယ်နော်။ ဘာသာရပ် တစ်ခုချင်းစီအတွက် ပို့ချချက်များအားလုံးကို Ministry of Education, Myanmar page မှာ တင်ပေးထားပါတယ်။

၂၀၁၉ ခုနှစ် စတင်ပြောင်းလဲမယ့် မေးခွန်းများအတွက် အခက်အခဲ မဖြစ်အောင် အသေးစိတ် ရှင်းပြပေးထားပါတယ်။ မေးခွန်းတိုင်းကတော့ ကျောင်းသားအများစု ဖြေဆိုနိုင်မယ့် လွယ်၊ သင့်၊ ခက် မေးခွန်းတွေ ပါဝင်မှာ ဖြစ်ဖို့ သင်ခန်းစာများကို ကျေညက်စွာ လေ့လာထားတဲ့ ကျောင်းသားများ ဖြေဆိုနိုင်မယ့် မေးခွန်းပုံစံ ဖြစ်ပါတယ်။

နံပါတ် (၆) ကျန်းမာရေး အထူးဂရုစိုက်ပါ။

စာမေးပွဲအတွက်ပဲ စိတ်ပူမနေပါနဲ့။ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပါ။ one subject one night မကျက်ဖို့လည်း အထူးမှာချင်ပါတယ်။ မအိပ်ချင်အောင်ဆိုပြီး ကော်ဖီတွေလည်း အများကြီး မသောက်ပါနဲ့။ အနီးကပ် မေးခွန်း တွေ ရရင်လည်း မယုံပါနဲ့လို့ ပြောချင်ပါတယ်။

ကျောင်းသား၊ ကျောင်းသားများအားလုံး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးမှာ ဘာသာရပ်တိုင်း အခက်အခဲမရှိ ထူးထူးချွန်ချွန်ဖြင့် ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ Edge မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Tips Read 5242 times