Sales Hotline : 09448001653       Download App



ကျန်းမာရေးမကောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် ဆေးရုံစာစစ်ဌာန ငါးခုဖွင့်မည်

ကျန်းမာရေးမကောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် ဆေးရုံစာစစ်ဌာန ငါးခုဖွင့်မည်

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူများအနက်  ကျန်းမာရေးအခြေအနေကြောင့်  ဆေးရုံတက် ကုသနေရသူများအတွက် တစ်နိုင်ငံလုံးတွင် ဆေးရုံ စာစစ်ဌာန ငါးခု ဖွင့်လှစ်မည် ဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ မြောက်ဥက္ကလာပ (ဝေဘာဂီ) ကူးစက်ရောဂါကု ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့ကို ဆေးရုံစာစစ်ဌာနများအဖြစ်သတ် မှတ် ထားသည်။

‘‘ဆေးရုံတက်နေရတဲ့ သူ တွေနဲ့ အရေးပေါ်ကျန်းမာရေး ပြဿနာဖြစ်လာတဲ့ သူတွေအ တွက်ရန်ကုန်၊ မန္တလေးမှာတော့ သီးခြားဆေးရုံစာစစ်ဌာနဖွင့်ထား မယ်။ မြို့နယ်တွေမှာလည်း သူ့ မြို့အလိုက် ဆေးရုံတွေမှာ ဖြေဖို့ လို လာရင် ဖြေဆိုနိုင်အောင်လုပ် ပေးထားမယ်’’ ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေး မှူးတစ်ဦးကဆိုသည်။

ရန်ကုန်နှင့် မန္တလေးစည်ပင် သာယာနယ်နိမိတ်ပြင်ပမြို့နယ် များရှိ သက်ဆိုင်ရာတိုက်နယ် ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများ တွင်လည်း စာမေးပွဲဖြေဆိုနိုင်စေ ရန် စီစဉ်ထားမည်ဟု ၎င်းက ဆိုသည်။

ဆေးရုံစာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုမည့်သူများသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ စာမေးပွဲဖြေဆို ခွင့်လျှောက်ထား ပြီး သူဖြစ်ရမည်ဖြစ်ပြီး ဆေးရုံစာ စစ်ဌာနအဖြစ် သတ်မှတ်ထား သည့် ဆေးရုံကြီးများရှိ ဆေး၊ လူ မှု ဆက်ဆံရေးဌာနတွင် စာရင်း သွင်းဖြေဆိုရမည်ဖြစ်သည်။

ထို့အပြင် စာမေးပွဲကာလ အတွင်း အရေးပေါ်ကျန်းမာရေး   ချွတ်ယွင်းမှုဖြစ်ပေါ်ပါက သက် ဆိုင်ရာ စာစစ်ဌာနကကြီးကြပ် ရေးမှူးထံ အကြောင်းကြားရမည် ဖြစ်ပြီးနီးစပ်ရာဆေးရုံတွင် ဆေး ကူသရင်းဖြေဆိုခွင့်ရနိုင်ရန် မြန်  မာနိုင်ငံစာစစ်ဦးစီးဌာနက စီစဉ် ထားသည်ဟု ဆိုသည်။

၂၀၁၉ တက္ကသိုလ်ဝင်စာ မေးပွဲကို မတ်လ ၆ ရက်မှ ၁၅  ရက်အထိ ကျင်းပမည်ဖြစ်ရာ ဖြေ ဆိုရန် စာရင်းပေးသွင်းသူ ၈၉,၆၀၁၂ ဦးရှိပြီး ယခင်နှစ် ထက် ငါးသောင်းကျော်တိုးလာ သည်။ ယခင် ၂၀၁၈ တက္ကသိုလ်  ၀င် စာမေးပွဲ ၌ တစ်နိုင်ငံလုံးတွင် စာစစ်ဌာန ၁,၇၄၂ ခုသာဖွင့်ခဲ့ သော်လည်း ယခုနှစ်၌ ၁,၈၈၁ ခုအထိဖွင့်ခွင့်ပြုထားသည်။

ယခုနှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းအချို့ကိုအလွတ် ကျက်ဖြေသည့် ပုံစံအစားစဉ်းစား တွေးခေါ်ဖြေရသည့် ပုံစံပြောင်း မည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

source: 7day

News Read 1677 times