Sales Hotline : 09448001653       Download App



ယခုပညာသင်နှစ်တွင် စတုတ္ထတန်းအောင်မြင်သူများ ဆဌမတန်းသို့ တက်ရောက်ရမည်

ယခုပညာသင်နှစ်တွင် စတုတ္ထတန်းအောင်မြင်သူများ ဆဌမတန်းသို့ တက်ရောက်ရမည်

ယခုပညာသင်နှစ်တွင် စတုတ္ထတန်းအောင်မြင်သူများ ဆဌမတန်းသို့ တက်ရောက်ရမည်မှာ မှန်သော်လည်း အခေါ်အဝေါ်အရသာ အတန်းကျော်သလို ဖြစ်နေခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ ပညာရေးစနစ်သစ်ဖြစ်သော KG+5-4-3 အစီအစဉ်အရ လာမည့်ပညာသင်နှစ်တွင် တတိယတန်းနှင့် ဆဌမတန်းတို့ကို သင်ရိုးအသစ်ဖြင့် သင်ကြားတော့မည်ဖြစ်ရာ ယခုပညာ သင်နှစ်တွင် စတုတ္ထတန်းတက်ရောက်နေသော ကျောင်းသား/သူများသည် လာမည့်ပညာသင်နှစ်တွင် ပညာရေးစနစ်သစ်၏ အလယ်တန်းအဆင့်ဖြစ်သော အဌမတန်းကို ကူးပြောင်းရမည် ဖြစ်သော် လည်း သင်ကြားရမည့် စာများမှာ ပဉ္စမတန်းအဆင့်စာများဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

"အခုစနစ်အသစ်ရဲ့အလယ်တန်းအဆင့်က ဆဌမတန်းက စတယ်။ အဲဒီတော့ ဒီနှစ်မှာ မူလတန်းအဆင့်ပြီးတဲ့ စတုတ္ထတန်းက အလယ်တန်းကို ကူးရမှာဆိုတော့ ဆဌမတန်းလို့ ခေါ်လိုက်တာ။ သင်ရမှာကတော့ ငါးတန်းစာပဲ သင်ရမှာ။ အခေါ်အဝေါ် ပြောင်းသွားလို့ အတန်းအဆင့်ခုန်ကူးသွားသလို ဖြစ်နေတာ။ ဒီနှစ်မှာ ငါးတန်းအောင်တဲ့ကလေးတွေကကျတော့ Grade 7 ကိုကူးရမှာ။ ဒါပေမယ့် သင်ရမှာကတော့ ခြောက်တန်းစာပဲ၊ အခေါ်အဝေါ်ကြောင့် နည်းနည်းရှုပ်သလို ဖြစ်သွားတာ" ဟုပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ပညာရေးစနစ်သစ် အစီစအဉ်အရ သင်ရိုးညွှန်းတမ်းအသစ်များကို ရေးဆွဲထားရာတွင် ကျောင်းသား/သူမျး၏ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိသော သင်ခန်းစာ ၄၀ ရာခိုင်နှုန်းကို ထည့်သွင်းရေးဆွဲထားပြီး ကျန်ရာခိုင်နှုန်းများကို သင်ရိုးညွှန်းတမ်း အဟောင်းပုံစံများအတိုင်း သင်ကြားပို့ချမည် ဖြစ်ပြီး သင်ကြားပုံ နည်းလမ်းများကိုလည်း ပြောင်းလဲထားသည်။

"တကယ်အသစ်ပြောင်းသွားမှာက ဆယ့်တစ်တန်းနဲ့ ဆယ့် နှစ်တန်းကျ မှ သင်ရိုးတွေက အသစ်တွေဖြစ်ကုန်မှာ" ဟု ရှင်းပြသည်။

လာမည့်ပညာသင်နှစ်အတွက် သင်ရိုးသစ်ဖြင့် ပို့ချမည့် တတိယတန်းနှင့် ဆဌမတန်းအတွက် သင်ကြားနည်းး စနစ်များကို အလယ်တန်းပြ ဆရာတစ်သိန်းနှစ်သောင်းကျော်အား သင်တန်းပေးမည် ဖြစ်သည်။

source: democracy

News Read 5688 times