Sales Hotline : 09448001653       Download App



ဆဋ္ဌမတန်းသင်ရိုးသစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်ပြနည်းသင်တန်းပေးမည်

ဆဋ္ဌမတန်းသင်ရိုးသစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်ပြနည်းသင်တန်းပေးမည်

လာမည့် ပညာသင်နှစ်တွင် ပြောင်းလဲမည့်ဆဋ္ဌမတန်းသင်ရိုး သစ်အတွက် မတ်လ ၂၈ ရက်က စတင်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သင်ပြနည်းသင်တန်း ပေးမည်ဖြစ်သည်။

၂၀၁၉-၂၀ ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်က စတင်ကာ အခြေခံပညာအလယ်တန်း အဆင့်ဆဋ္ဌမတန်းကို သင်ရိုးသစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ်၍ တစ်နိုင်ငံလုံးရှိ အလယ်တန်းပြ ဆရာ၊ ဆရာမများကို ကျောင်း မဖွင့်မီ သင်ရိုးသစ်သင်ပြနည်း သင်တန်းပေးရန် ပညာရေးဝန် ကြီးဌာနက စီစဉ်နေသည်။

ဆဋ္ဌမတန်း သင်ရိုးသစ် သင် ပြနည်းသင်တန်းကို ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်သင်တန်း များ ဖွင့်လှစ်ရန် စီစဉ်ထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်တန်းများကို မန္တလေးမြို့တွင် မတ်လ ၂၈ ရက်မှ ဧပြီ ၈ ရက်အထိ ရန်ကုန်မြို့တွင် ဧပြီ ၂၁ ရက်မှ မေလ ၃ ရက်အထိ ဖွင့် လှစ်မည်ဖြစ်သည်။

‘‘ဗဟိုအဆင့်သင်တန်းက ပညာရေးကောလိပ်တွေက ဆ ရာ၊ ဆရာမတွေပါလိမ့်မယ်။ သူ တို့က ဗဟိုအဆင့်မှာတက်ပြီး တော့ နောက်အဆင့်တွေမှာ သင် တန်းပြန်ပေးရမှာ။ ဇွန်မတိုင်ခင် Grade-3 အတွက် မူလတန်း ဆရာ၊ ဆရာမအားလုံး၊ Grade- 6 အတွက် အလယ်တန်းဆရာ၊ ဆရာမအားလုံး သင်တန်းပေးပြီး သားဖြစ်အောင်လုပ်ရမှာ’’ ဟု အ ခြေခံပညာဦးစီးဌာနတာဝန်ခံညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောသည်။

ဗဟိုအဆင့်သင်ပြနည်းသင် တန်းကို ဇန်န၀ါရီ ၇ ရက်က စတင်ကာ တစ်ကြိမ်လျှင် သင်တန်းရက် ငါးရက်နှုန်းဖြင့် သုံးကြိမ်ခွဲကာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ်ရှိ ထောင်ကြန့်အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

ဗဟိုအဆင့်ပြီးပါက အခြေခံ ပညာကျောင်းများတွင် လက် တွေ့သင်ကြားမည့်မူလတန်းပြ၊ အလယ်တန်းပြဆရာ၊ ဆရာမ အားလုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် သင်တန်းများ၌ ပို့ချရန် အခြေခံပညာဦးစီးဌာနက စီစဉ်ထားသည်။

အခြေခံပညာအတန်းများကို တစ်နှစ်တစ်တန်းနှုန်းသင်ရိုး ညွှန်းတမ်းသစ်များဖြင့် ၂၀၁၆- ၁၇ ပညာသင်နှစ်က စတင်သင် ကြားနေပြီး တတိယတန်းနှင့် ဆဋ္ဌ မတန်းကို ၂၀၁၉-၂၀ ပညာသင် နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြား မည်ဖြစ်သည်။

အခြေခံပညာမူလတန်း သင်ရိုးညွှန်းတမ်းသစ်များအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အလယ်တန်းနှင့်အထက် တန်းသင်ရိုးညွှန်းတမ်းသစ်များအတွက် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)တို့က ပညာရေးဝန်ကြီးဌာနကို နည်းပညာနှင့်ဘဏ္ဍာရေး ပံ့ပိုးထားသည်။

လာမည့်ပညာသင်နှစ်တွင် ပြောင်းလဲသင်ကြားမည့် ဆဋ္ဌမ တန်းသင်ရိုးသစ်၌ လက်ရှိပဉ္စမ တန်း(Grade-5) သင်ရိုးဟောင်းများ ၇၀ ရာခိုင်နှုန်းပြန်လည်ထည့် သွင်းထားပြီး ၃၀ ရာခိုင်နှုန်းသင် ခန်းစာအသစ်များဖြစ်သည်ဟု ပညာရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာမျိုး သိမ်းကြီးက ပြောကြားထားသည်။

၂၀၁၇-၁၈ ပညာသင်နှစ်က စတင်သည့် ပထမတန်းသင်ရိုး သစ်၌ သင်ကြားမည့်ဆရာ၊ ဆရာမ ၅၀,၀၀၀ ခန့်ကိုသာ နည်း ပြသင်တန်းများပေးခဲ့ရာ ရာထူး တိုးနှင့် အပြောင်းအရွှေ့ဆောင် ရွက်ပြီး ချိန်တွင် သင်တန်းပေးထားသော ဆရာ၊ ဆရာမများ ပြောင်းရွှေ့ခဲ့သည်။

ထို့ကြောင့် ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စတင်သည့်ဒုတိယတန်းသင် ရိုးသစ်အတွက် မူလတန်းပြဆရာ၊ ဆရာမအားလုံးကို သင်ပြနည်း သင်တန်းပေးခဲ့သည်။

source: 7day

News Read 3338 times