Sales Hotline : 09448001653       Download App
ကျောင်းသားများ အချိန်ကို ဘယ်လို အကျိုးရှိအောင်သုံးမလဲ
ကျောင်းသားများ အချိန်ကို ဘယ်လို အကျိုးရှိအောင်သုံးမလဲ
**Unicode**
၁။ To Do List
Time Management ကောင်းကောင်းတစ်ခုအတွက် အဓိကအကျဆုံးကတော့ Thing To Do List ပြုစုခြင်းဖြစ်ပါတယ်။ ကျောင်းသားတွေဟာ မိမိပြုလုပ်ရမည့်အရာတွေကို အစဉ်လိုက် ချရေးထားခြင်းဖြင့် လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်ရုံသာမက အရေးမကြီးသော လုပ်ငန်းဆောင်တာများကို ခဏချန်ထားပြီး အရေးကြီးသော လုပ်ငန်းဆောင်တာများကို ဦးစားပေးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
၂။ စိတ်အပန်းဖြေရန်အချိန်ထားရှိခြင်း
ကျောင်းသားတစ်ယောက်ဟာ စာချည်းပဲ ဆက်တိုက်လုပ်လို့မရပါဘူး။ စာနှင့် ဘဝအတွက် စိတ်အပန်းဖြေခြင်းမျှတဖို့ လိုအပ်ပါတယ်။ တစ်ရက်မှာ အနည်းဆုံး တစ်နာရီခန့် အပန်းဖြေရန် အချိန်ထားရှိရပါမယ်။ သူငယ်ချင်းများနှင့် တွေ့ဆုံခြင်း၊ အားကစားလုပ်ခြင်း၊ Social Media သုံးခြင်း များဖြင့် အပန်းဖြေနိုင်ပါတယ်။
၃။ စိတ်အာရုံလွင့်စေမည့်အရာများမှ ဝေးဝေးရှောင်ခြင်း
ကျောင်းသားများ စာကြည့်နေစဉ်အတွင်း စိတ်အာ ရုံလွင့်ပြားတာမျိုး ခဏခဏ ကြုံရတတ်ပါတယ်။ စိတ်အာရုံလွင့်ပြားပြီး အချိန်များ သတိမထားမိခင်အတွင်း အများအပြားကုန်တတ်ပါတယ်။ ဥပမာအားဖြင့် စာကြည့်နေရင်း အမှတ်တမဲ့ ဖုန်းကိုကိုင်ပြီး facebook ကြည့်မိတတ်ကြပါတယ်။ ထိုသို့ မဖြစ်ရလေအောင် စိတ်လွင့်စေမည့် ပစ္စည်းများကို စာလုပ်နေချိန်အတွင်း အဝေးမှာထားရန် လိုအပ်ပါတယ်။
၄။ စာလေ့လာခြင်းကို အလေ့အကျင့်အဖြစ်ပြောင်းလဲခြင်း
လူတွေဟာ အလေ့အကျင့်အကောင်း (သို့) အဆိုးကို ရသည်နှင့်တစ်ပြိုင်နက် ပြင်ရန် ခက်ခဲပါတယ်။ စာလေ့လာခြင်းကိုလည်း အလေ့အကျင့်တစ်ခုအနေနှင့် ပြောင်းလဲနိုင်ပါတယ်။ ကျောင်းသားများက တစ်နေ့အတွင်း စာလေ့လာချိန်ကို သတ်မှတ်ထားပြီး နေ့စဉ်မပျက်မကွက် လုပ်ဆောင်ပါက အလေ့အကျင့်ကောင်းတစ်ခုအဖြစ် ရရှိလာနိုင်ပါတယ်။
၅။ မိမိ၏ Time Management Plan အား ပြန်စမ်းစစ်ခြင်း
Time Management Plan ဆွဲပြီးပြီဆိုပါကလည်း ကျောင်းသားများအနေနှင့် အဆက်မပြတ် ပြန်လေ့လာနေရန် လိုအပ်ပါတယ်။ ထိုသို့ လေ့လာခြင်းဖြင့် မိမိ၏လိုအပ်ချက်များကို ပြုပြင်နိုင်ရုံသာမက Time Management Plan ၏ အကျိုးသက်ရောက်မှုများကိုပါ တွေ့ရှိနိုင်ပါတယ်။
ကျောင်းသားများ ထူးချွန်နိုင်ကြပါစေ။
**Zawgyi**
၁။ To Do List
Tips Read 3370 times