Sales Hotline : 09448001653       Download App



ယခုနှစ်တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ကိုးသိန်းနီးပါးရှိပြီး အရင်နှစ်ထက် ငါးသောင်းကျော်တိုးလာ

ယခုနှစ်တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ကိုးသိန်းနီးပါးရှိပြီး အရင်နှစ်ထက် ငါးသောင်းကျော်တိုးလာ

ယခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ၉ သိန်းနီးပါးရှိနေ ပြီး အရင်နှစ်ကထက် ငါးသောင်းကျော်တိုးလာတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ သိရပါတယ်။

၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၆ ရက်နေ့ကနေ မတ်လ ၁၅ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အခုနှစ်မှာ ဖြေဆိုမယ့် ကျောင်းသားဦးရေ များတာတာကြောင့် စာစစ်ဌာနကို အရင်နှစ်က ထက်၁၅၀ ကျော်တိုးမြှင့်ထားတယ်လို့ မြန်မာနိုင်ငံစာစီဦးစီးဌာနရဲ့ ညွှ့န်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေမယ့်သူက မနှစ်ကထက် ငါးသောင်းကျော် တိုးလာတော့ စာစစ်ဌာနက ၁၅၀ ကျော်တိုးထားပါတယ်။ “ လို့ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ဆိုပါတယ်။

ဆေးရုံတွေမှာ ဖြေဆိုမယ့်သူတွေအတွက် ရန်ကုန်တိုင်းအတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသမီးဆေးရုံ၊ မြောက်ဥက္ကလာပ (ဝေဘာဂီဆေးရုံ) နဲ့ မြောက်ဥက္ကလာပ ဆေးရုံတို့မှာ စာစစ်ဌာန ၄ ခု ဖွင့်လှစ်ထားပြီး မန္တလေးမြို့မှာ မန္တလေးပြည်သူ့ ဆေးရုံကြီးမှာ စာစစ်ဌာန ၁ ခု ဖွင့်လှစ်ထားတယ်လို့လည်းသိရပါတယ်။

“ရန်ကုန်နဲ့ မန္တလေးက မြို့နယ်တွေများတော့ ဆေးရုံ ၄ ခု သတ်မှတ်ပြီး စာစာစစ်ဌာနဖွင့်လှစ်လိုက်တာပါ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အလိုက် စာစစ်ဌာနတွေရှိပါတယ်။” လို့ ဦးမိုးမြင့်ကျော်က ဆက်ပြောပါတယ်။

ဒါ့အပြင် အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့်သူ ၈ သိန်း ၉ သောင်းကျော် စာရင်းပေးသွင်းထားပြီး စာစစ်ဌာနပေါင်း ၁၈၀၀ ခန့်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုင်ငံခြားမှ ဖြေဆိုမယ့်သူ ၁၆၀ ခန့်ရှိနေပြီး နိုင်ငံခြားစာစစ်ဌာန၊ အကျဉ်းထောင်အတွင်းက ဖြေဆိုမယ့်သူတွေအတွက် အကျဉ်းထောင်စာစစ်ဌာန၊ မသန်စွမ်း စာစစ်ဌာနတွေကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

အခုနှစ်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းပုံစံတွေကို စဉ်းစားတွေးခေါ်မှုကို ဦးစားပေးတဲ့ မေးခွန်းပုံစံနဲ့ မေးမြန်းမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ ကြေညာထားပါတယ်။

source: duwun

News Read 2118 times