Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံရှိ မူလတန်းအဆင့်ကလေးများ၏ သင်ယူတတ်မြောက်မှုစံနှုန်းကို အာဆီယံအဆင့် သုတေသနပြု လေ့လာမည်

မြန်မာနိုင်ငံရှိ မူလတန်းအဆင့်ကလေးများ၏ သင်ယူတတ်မြောက်မှုစံနှုန်းကို အာဆီယံအဆင့် သုတေသနပြု လေ့လာမည်

မြန်မာနိုင်ငံရှိ မူလတန်းအဆင့် စတုတ္ထတန်း (Grade-5)ကျောင်း သား၊ ကျောင်းသူများ၏ သင်ယူ တတ်မြောက်မှုစံနှုန်းကို အရှေ့ တောင်အာရှမူလတန်းပညာသင် ယူတတ်မြောက်မှု အကဲဖြတ်စစ် ဆေးရေး (South-East Asia Primary Learning Metrics-SEA-PLM)က အာဆီယံအဆင့် သုတေသနပြုလေ့လာမည်ဖြစ် သည်။

နိုင်ငံအနှံ့ရှိ မြို့နယ် ၁၄၇ ခုမှ အခြေခံပညာ ၂၀၂ ကျောင်း တွင် ဇန်န၀ါရီ ၂၈ ရက်နှင့် ၂၉ ရက်တွင် ထိုသုတေသနကို SEA-PLM ဆိုင်ရာကြီးကြပ်ရေး မှူးများ (Test Administrators) နှင့် ကျောင်းညှိနှိုင်းရေးမှူးများ (School Coordinators)က တစ် ပြိုင်တည်းပြုလုပ်မည်ဖြစ်သည်။

ဆီမီယို (SEAMEO)၊ယူနီ ဆက်အရှေ့အာရှဒေသဆိုင်ရာ ရုံး(UNICEF-EAPRO)တို့က ငွေ ကြေးအထောက်အပံ့ပေးပြီး ဩစ တြေးလျနိုင်ငံပညာရေးသုတေသနကောင်စီ(Australian Council for Educational Research- ACER) က နည်းပညာပံ့ပိုးပေးမှု များဖြင့် အရေးစွမ်းရည်၊ အဖတ် စွမ်းရည်၊ သင်္ချာစွမ်းရည်နှင့် လူ သားကောင်းဖြစ်မှု စသောနယ် ပယ်များကို လေးနှစ်တစ်ကြိမ်ပုံ မှန် စစ်ဆေးအကဲဖြတ်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။

အစိုးရ အခြေခံပညာ ကျောင်းများအပြင် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများလည်း ပါ ၀င်ပြီး ကျောင်းသား၊ ကျောင်းသူများကို စစ်ဆေးအကဲဖြတ်မည် ဖြစ်သည်။

ယင်းအပြင် ၎င်းတို့၏ မိဘများ၊ Grade-5 သင်ကြားသည့် ဆရာ၊ ဆရာမ ၄၀၀ ကျော်၊ ကျောင်းအုပ်ကြီး ၂၀၂ ဦးကို လည်း စစ်တမ်းမေးခွန်းလွှာမေး မြန်းမည်ဖြစ်သည်။

‘‘အခုပြုလုပ်တဲ့ လေ့လာစစ် ဆေးအကဲဖြတ်မှုမှာ ထူးခြားမှုအ နေနဲ့ လူသားကောင်းဖြစ်မှုနယ် ပယ်ကို ထည့်သွင်းစစ်ဆေးထား တာကို တွေ့ရပါတယ်။ ဒီစစ် ဆေးမှုရလဒ်တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ ပညာရေး စနစ်မှာ ထည့်သွင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်’’ ဟု ဒေါက် တာမျိုးသိမ်းကြီးက ဆိုသည်။

Grade-5 အဆင့်ကျောင်း သားလူငယ်များကို စစ်ဆေးအကဲ ဖြတ်သည့် ‘စံ’တစ်ခုဖြင့် ၂၀၁၉ အတွင်း SEA-PLM ပုံမှန်စစ်ဆေး လေ့လာမှု (Main Survey) ကို အာဆီယံခုနစ်နိုင်ငံတွင် ပြုလုပ် မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စစ်ဆေးမည်ဖြစ်သည်။

source: 7day

News Read 1825 times