Sales Hotline : 09448001653       Download App



မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် အဆင့်မြင့်ကရာတေးသင်တန်း

မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် အဆင့်မြင့်ကရာတေးသင်တန်း

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကရာတေးသင်တန်း (အဆင့်မြင့်) ကို ယခုလ ၁၆ ရက်မှ စတင်ပြီး မတ်လ ၁ ရက်အထိ မန္တလေး တက္ကသိုလ် ညောင်ပင်ဝန်းတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

သင်တန်းတက်ရောက်လိုသော သင်တန်းသား/သူများအနေဖြင့် ယခုလ ၁၅ ရက် နောက်ဆုံးထားပြီး အားကစားဌာနသို့ စာရင်းပေးပို့ရမည် ဖြစ်သည်။

သင်တန်းတက်ရောက်စာရင်းပေးသူများ အနေဖြင့် သင်တန်းဖွင့်လှစ်သင်ကြားမည့် ညနေ ၄ နာရီခွဲအချိန်မှ ၅ နာရီ ၄၅ မိနစ်အထိ အပတ်စဉ် တနင်္လာ၊ ကြာသပတေး၊ သောကြာ အချိန်များကို မပျက်မကွက် တက်ရောက်ရမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်တွင်လည်း ၂၀၁၈-၁၉ ပညာသင်နှစ်မှစတင်ပြီး ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် မြန်မာရိုးရာ အမွေအနှစ် သိုင်းပညာရပ် များကို လက်ဆင့်ကမ်းထိန်းသိမ်း၍ ချစ်မြတ်နိုး လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြီး မြန်မာ့သိုင်းအဖွဲ့ချုပ် အသိအမှတ်ပြု နာယက ဆရာကြီး ဦးမောင်လေး တည်ထောင်ခဲ့သော ကမ္ဘောဇနန်းတွင်း လိုင်းခူးကာချန်သိုင်းပြောင်းပြန် သင်တန်းကို ၂၀၁၉ ခုနှစ် ဇန်န၀ါရလ ၁ ရက်မှ စတင်သင်ကြားနေသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် မန္တလေးတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီမှ ကြီးမှူး၍ တိုင်းဒေသကြီး ကရာတေးဆပ် ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ကရာတေးသင်တန်း (အခြေခံ) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ ၂၈ ရက် အထိ ဖွင့်လှစ်ခဲ့သည်။

source: democracy

News Read 1831 times