Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသူများ သက်မွေးသင်တန်းများ တက်ရောက်နိုင်မည်

တက္ကသိုလ်ဝင်တန်း မအောင်မြင်သေးသူများ သက်မွေးသင်တန်းများ တက်ရောက်နိုင်မည်

ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်းမအောင်မြင်သေးသူများ သက်မွေးသင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးမည် ဖြစ်သည်။

ထို ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသား/သူများ၏စာရင်းကို ပြုစုပြီး သက်မွေးပညာ သင်တန်းများ တက်ရောက်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးသွားရမည် ဖြစ်သည်။

မြို့နယ်အသီးသီးရှိ ကျေးရွာများမှ သက်မွေးသင်တန်းများ တက်ရောက်နိုင်မည့်သူများ စာရင်းအား တောင်းခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ တောင်းခံပြီး ခရိုင်၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးများသို့ တင်ပြရန် ညွှန်ကြား ထားသည်။

"တက်ချင်တဲ့  ကလေးတွေ  တက်လို့ရပါတယ် အသက် ကန့်သတ်ချက် မပါဘူး။ ဒီလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး စာ၇င်းတွေ ပြန်ပို့ရမယ်။ သင်တန်းပေးမယ့်နေရာတော့ မသိသေးပါဘူး။ ဆယ်တန်းမအောင်သေးတဲ့ ကလေးတွေ မည်သူမဆို တက်ရောက်နိုင်ပါသည်။ အုပ်ချုပ်ရေးမှူးထောက်ခံချက်တော့ လိုတာပေါ့" ဟုပြောသည်။

အဆိုပါသင်တန်းကို အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားပြီး သင်တန်းပေးအပ်မည့် အချိန်နှင့် နေရာများကို ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။

သင်တန်းတွင် စက်မှု သင်တန်း (သို့မဟုတ်) လက်မှုသင်တန်း အမျိုးအစားများပါဝင်မည်ဟု သိရသည်။

သင်တန်းကတော့ အခမဲ့ဖြစ်ဖို့ များပါတယ်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ပဲခူးတိုင်းဒေသကြီး အတွင်းသာစာရင်းကောက်ယူခြင်း ဖြစ်ပြီး ကျန်ဒေသများတွင် ယင်းအစီအစဉ် မရှိသေးပါ။

source: democracy

News Read 4167 times