Sales Hotline : 09448001653       Download App



၁၀ တန်းဖြေမယ့်သူတွေအတွက် အွန်လိုင်း ဓမ္မဓိဌာန်ပြိုင်ပွဲရှိမည်

၁၀ တန်းဖြေမယ့်သူတွေအတွက် အွန်လိုင်း ဓမ္မဓိဌာန်ပြိုင်ပွဲရှိမည်

ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂျူပီတာမြန်မာပညာရေး (Jupiter Myanmar Education) က စီစဉ်တဲ့ အွန်လိုင်း ဓမ္မဓိဋ္ဌာန်ပြိုင်ပွဲမှာ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ် လေးခုကို “မှားမှန်၊ ကွက်လပ်ဖြည့်ပါ” စတာတွေ အွန်လိုင်းကနေ ဖြေဆိုရမှာပါ။

ဖြေဆိုရမယ့် မေးခွန်းအမျိုးအစားကတော့ တစ်မှတ်တန် Multiple Choice, True/ False or Blank တို့ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ၂၀၁၇ ပညာသင်နှစ်မှာ ဖြေဆိုမယ့် တစ်နိုင်လုံးမှာရှိတဲ့ မည်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ ကျောင်းသူမဆို ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ICT ကို အ သုံးချပြီးတော့ နေထိုင်ရာဒေသမှာပဲ အသိ ဉာဏ်ဗဟုသုတ တိုးပွားအောင်၊ မော်လမြိုင်မှာပဲနေနေ၊ ရန်ကုန်မှာပဲနေနေ၊ မန္တလေးကပဲဖြစ်ဖြစ် အွန်လိုင်းကနေသင်ယူမယ်ဆိုတဲ့ ကိစ္စက ဖုန်းနဲ့အင်တာနက်ရှိရင်ရပြီ ၊ mobile education ဖြစ်တဲ့ မိုဘိုင်းလ်ကနေ ပညာရေးနဲ့ အင်တာနက်ကို ဘယ်လို အသုံးချတတ်ဖို့ အဲဒီလိုသိစေချင်တာ၊ မှီခိုမှုကင်းကင်းနဲ့ သင်ယူလာတတ်ဖို့ကို ရည်ရွယ်တာလို့ Jupiter Myanmar Education က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါပြိုင်ပွဲမှာ ဆုရရှိတဲ့သူတွေအနေနဲ့ ပွဲကို စပွန်ဆာပေးတဲ့ အန်နာဗွန်စီ ကုမဏီက ဖုန်းငွေဖြည့်မှုလက်ဆောင်ပေးမှာဖြစ်ပါတယ်။

ဘာသာရပ်အလိုက် ဖြေဆိုသူတွေထဲမှ အမှတ်အများဆုံးရရှိသူ ထိပ်ဆုံးအယောက် ၂၀ ကို ကျပ် ၁၀,ဝ၀ဝ တန် ငွေဖြည့်ကတ်များ ဖြည့်ပေးသွားမှာ ဖြစ်ပါ တယ်။

ထို့အပြင် ဝင်ရောက်ဖြေဆိုကြတဲ့ မည်သည့်ကျောင်းသားကိုမဆို ငါးထောင်တန် ငွေဖြည့်ကတ် ၂၀ ကိုလည်း မဲဖောက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

အွန်လိုင်းဓမ္မဓိဋ္ဌာန် (Online quiz) ဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ ဖော်ပြပါအချက်အလက်တွေကို သိထားရပါ့မယ်။

ကိုယ်ပိုင်အီးမေးလ် (e.g. gmail, yahoomail, hotmail) တစ်ခုရှိထားရပါမယ်။ www.mmcloudschooling .com မှာအကောင့်ဖွင့်ထားရပါမယ်။ အကောင့်ဖွင့်တဲ့ အခါမှာလည်း မိမိလက်ရှိ သုံးနေတဲ့ ဖုန်းနံပါတ် (သို့မဟုတ်) မိဘ ဖုန်းနံပါတ်ကို တိတိကျကျ ထည့်ပေးရမှာ ဖြစ်ပါတယ်။

အင်တာနက်ပါတဲ့ မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တစ်ခုခု ရှိနေ ရပါ့မယ်။ ဝက်ဘ်ဆိုက်မှာ တင် ပေးထားတဲ့ ဘာသာစုံ လေ့ကျင့်ခန်းတွေကို ကြိုတင် လေ့ကျင့်ထားသင့်ပါ တယ်။

ပြိုင်ပွဲအချိန်တွေကတော့ အင်္ဂလိပ်စာအတွက် ည ၉း၃၀ နာရီကနေ ၁၁းဝ၀ နာရီ (ဒေါက်တာအာကာမိုးသူ) အထိ၊ ဓာတုဗေဒဘာသာရပ်အတွက် ည ၁၀းဝ၅ နာရီ ကနေ ၁၀း၃၅ နာရီ (ဆရာဦးသူရ) အထိ ဖြေဆို ရမှာ ဖြစ်ပါတယ်။

နောက်ပြီး ရူပဗေဒအတွက် ည ၁၀း၄၀ နာရီကနေ ၁၁း၁၀ နာရီ (ဒေါက် တာရူပနဲ့ ဒေါက်တာဌေးလှိုင်) အထိ ၊ ဇီဝဗေဒအတွက် ည ၁၁း၁၅ နာရီကနေ ၁၁း၄၅ နာရီ (ဆရာကျော်မင်းခန့် – K Bio) အထိ ဖြစ်ပါတယ်။

ဆုရရှိသူတွေစာရင်းကို ၁၃-၂-၂၀၁၇ နံနက် ၉းဝ၀ နာရီအချိန် www. mmcloudschooling.com မှာ တင်ပေးသွားမှာဖြစ်ပါတယ်။

နောက်ပြီး တက္ကသိုလ် ဝင်တန်း ဘာသာရပ်ဆိုင်ရာ အားလုံးကို ဤ၀က်ဘ်ဆိုက်ကနေ လေ့လာသင်ယူ နိုင်ပါတယ်။

Source: kumudra journal

News Read 8624 times