Sales Hotline : 09448001653       Download App



ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ Sakura-Insein သင်တန်းကျောင်း

ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ Sakura-Insein သင်တန်းကျောင်း

ပညာရေးဝန်ကြီးဌာန (TVET) Department နှင့် AGTI Society ပူးပေါင်းဖွင့်လှစ်သော Vocational Training Centre သင်တန်းသားများခေါ်ယူခြင်း ဖြစ်ပါတယ်နော်...။

၁။ ပညာရေးဝန်ကြီးဌာန (TVET) Department နှင့် ဂျီတီအိုင်ကျောင်းသားဟောင်းများ အသင်း (AGTI Society)တို့ ပူးပေါင်း၍ ဖွင့်လှစ်သော အောက်ပါ သင်တန်းအမှတ်စဉ်(၇)ကို Sakura-Insein သင်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။

Sakura-Insein Technical Course

(က) Commercial Electrical Wiring Course (၃၀)ဦး

(ခ) Electrical Power Distribution Line Course (၁၅)ဦး

သင်တန်းကာလ (၇)လ ဖြစ်ပါသည်။

၂။ ဤသင်တန်းသည် သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် ဂျပန်နိုင်ငံ၏ လျှပ်စစ်စံချိန်စံညွှန်းများနှင့်အညီ သင်ကြားပေးမည်ဖြစ်သည်။

၃။ ဤသင်တန်းအားစိတ်ပါဝင်စားသော အောက်ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံသူ၊ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးများ လျှောက်ထားနိုင်ပါသည် -

(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအဆင့်သင်ကြားဖူးသူဖြစ်ရမည်။

(ဂ) ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်တွင် အသက်(၁၇)နှစ်ပြည့်ပြီး အသက်(၂၃)နှစ်ထက် မကြီးသူ၊

(ဃ) သင်တန်းကြေးပေးသွင်းတက်ရောက်ရမည်။

လျှောက်လွှာများကို ရန်ကုန်မြို့၊ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်းအတွင်းရှိ သက်မွေးပညာသင်တန်းကျောင်း၊ (Sakura-Insein)နှင့် GTI ကျောင်းသားဟောင်းများ အသင်း(ရုံး)၊ အမှတ်-၃၀၃၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (တတိယထပ်)လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့တို့တွင် အခမဲ့ထုတ်ယူနိုင်မည်ဖြစ်သည်။

သင်တန်းလျှောက်လွှာများအား (၇.၁၂.၂၀၁၈) ရက်ထိ နောက်ဆုံးထား၍ ရန်ကုန်မြို့၊ အင်းစိန်ဂျီတီအိုင်ကျောင်းဝင်း အတွင်းရှိ သက်မွေးပညာ သင်တန်းကျောင်း(Sakura-Insein)သို့ လျှောက်ထားရမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ကျောင်းအုပ်ချုပ်ရေးရုံးခန်း ဖုန်း-၀၁-၃၆၄၃၆၆၃၊ ၀၉-၉၇၅၂၈၉၇၉၇၊ ၀၉-၄၂၈၃၂၄၈၃၂၊ ၀၁-၅၁၉၈၆၃၊ ၀၉-၅၀၅၆၇၁၇သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: Sakura-Insein Technical Course

News Read 7603 times