Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြား မှားယွင်းမှုရှိခဲ့လျှင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြု မည်

တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြား မှားယွင်းမှုရှိခဲ့လျှင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြု မည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေမှာ ဖြေဆိုသူအမည်၊ အဖအမည်၊ မွေးသက္ကရာဇ် စတဲ့ အချက်တွေကို မှန်ကန်အောင်ဖြေဆိုဖို့ ညွှန်ကြားထားပေမဲ့ အမှန်တကယ်ဖြည့်သွင်းတဲ့အခါမှာအချက် အလက်လွဲမှားမှုတွေရှိနေတာကြောင့် အခုလိုပြင်ဆင်ခွင့်ပြုတာဖြစ်တယ်လို့ သိရပါ တယ်။

ကတ်ပြားတွေ ရောက်ပြီဆိုတာနဲ့ ကျောင်းသားရဲ့နာမည်စာလုံးပေါင်းတွေကအစ ပြန်စစ်ပါ၊ မွေးခုနှစ်တွေ အရေးကြီးပါတယ်၊ မှားတာရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင် ချက်ချင်းအကြောင်းကြားပါ။ သင်္ကြန်မတိုင်ခင်အထိ ပြင်လို့ရပါသေးတယ်၊ ပြန်ပြင်ပေးမှာ ဖြစ်ပါတယ်။

တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီလအတွင်း ပြန်လည် ချထားပေးမှာဖြစ်ပြီး ကတ်ပြားတွေ ပြန်လည်ရောက်ရှိလာတာနဲ့ တစ်ပြိုင်နက် ဖြည့်သွင်းထားတဲ့ ကျောင်းသားရဲ့ အချက်အလက်တွေ မှန် မမှန်ဆိုတာကို ပြန်လည်တိုက်ဆိုင် စစ်ဆေးဖို့လိုတယ်လို့ သိရပါတယ်။

အခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူဦးရေ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ၇၆၀,ဝ၀ဝ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားတွေကို အခြေခံပညာအထက်တန်းကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေအနေနဲ့ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေဆီက ထုတ်ယူရမှာဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်းခွဲနဲ့ တွဲဖက်ကျောင်းတွေအပါအဝင် ကိုယ်ပိုင်အထက်တန်း ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စာရင်းပေးသွင်းထားတဲ့ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေ ဆီမှာ ဝင်ခွင့်ကတ်ပြား ထုတ်ယူရမှာဖြစ်ပါတယ်။

ပြင်ပကနေ ဖြေဆိုမယ့်သူတွေကတော့ မိမိတို့ဖြေဆိုမယ့် စာစစ်ဌာနရဲ့သက်ဆိုင်ရာကြီးကြပ် ရေးမှူးတွေဆီမှာ ထုတ်ယူရမှာဖြစ်ပါတယ်။

Source: kumudra journal

News Read 3195 times