Sales Hotline : 09448001653       Download App



တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာသင်များအတွက် လျှောက်လွှာခေါ်ယူခြင်း

တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများနှင့် တိုင်းရင်းသားဘာသာသင်များအတွက် လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများ
(Teaching Assistant) နှင့် တိုင်းရင်းသားဘာသာသင် (Language Teacher) များအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါတယ်။

၁။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားမည့် နေ့စားလပေး ဆရာ/ဆရာမများ (Teaching Assistant) ရာထူးနှင့် တိုင်းရင်းသား ဘာသာသင် (Language Teacher) များ အတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

၂။ တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများ (Teaching Assistant) ရာထူးအတွက် အရည်အချင်းသတ်မှတ်ချက်များမှာ -

(က) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးဖြစ်ရမည်။

(ခ) ပညာအရည်အချင်းအနိမ့်ဆုံး (၉)တန်းအောင် ဖြစ်ရမည်။ ပညာအရည်အချင်း ပိုမိုမြင့်မားသူကို ဦးစားပေးရွေးချယ်ပါမည်။

(ဂ) နိုင်ငံ့ဝန်ထမ်းဥပဒေအရ လျှောက်လွှာနောက်ဆုံးပေးပို့သည့်ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး သူဖြစ်ရမည်။

(ဃ) မြန်မာဘာသာစကားနှင့်ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို ကျွမ်းကျင်စွာအရေး၊ အဖတ်၊ အပြောသင်ကြား နိုင်သူဖြစ်ပြီး မူလတန်းအောက်ဆင့် KG) ပထမတန်း၊ ဒုတိယတန်း၊ ကျောင်းသင် ခန်းစာ ပြဋ္ဌာန်းချက်များကို သင်ကြားနိုင်သူဖြစ်ရမည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတစ်ဦးဦး (သို့မဟုတ်)အစိုးရအဖွဲ့မှ တာဝန်ပေးအပ်ထားသည့် ဝန်ကြီးတစ်ဦးဦး၏ ထောက်ခံချက်ပါရှိရမည်။

(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၃။ တိုင်းရင်းသားဘာသာသင် (Language Teacher) များအတွက် အရည် အချင်းသတ်မှတ်ချက်များမှာ -

(က) ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ အရေး၊ အဖတ်၊ အပြောသင်ကြားနိုင်သူဖြစ်ရမည်။ ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုပိုမိုမြင့်မားသူကို ဦးစားပေး ရွေးချယ်ပါမည်။

(ခ) နိုင်ငံ့ဝန်ထမ်းဥပဒေအရ လျှောက်လွှာနောက်ဆုံးပေးပို့သည့်ရက်တွင် အသက် (၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

(ဃ) လိုအပ်သောထောက်ခံချက်များတင်ပြနိုင်ရမည်။

- ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ၊

- ခိုင်လုံမှန်ကန်သော ပညာအရည်အချင်းထောက်ခံချက်၊

- နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (နိုင်ငံသားစိစစ်ရေးကတ်ပြား၏ လူမျိုးအမည် နေရာတွင် ကွဲလွဲမှုများရှိနေခဲ့လျှင် သက်ဆိုင်ရာလူ မျိုးအမှန်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများ၏ ထောက်ခံချက်ပါရှိရမည်)

- ဓာတ်ပုံ (၃)ပုံ၊ ကျန်းမာကြောင်းထောက်ခံချက်၊

- သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်။

၎။ ရွေးချယ်ခန့်ထားခံရပါက ခန့်ထားသည့် ဒေသကျောင်းတွင် အနည်းဆုံး (၃)နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသခံများကို ခန့်အပ် ခြင်းဖြစ်သည့်အတွက် နေရာပြောင်းရွှေ့လျှောက်ထားမှုကို ဆောင်ရွက် ပေးမည် မဟုတ်ပါ။

၅။ လျှောက်လွှာပုံစံများကို MOEA facebook page တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တို့တွင် လည်း ကောင်း ရယူနိုင်ပါသည်။

၆။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါအချက်များ ပြည့်စုံမှန်ကန်စွာ ပူးတွဲ ပေးပို့ရမည်။

(က) ခိုင်လုံမှန်ကန်သောပညာအရည်အချင်းထောက်ခံချက်။

(ခ) အလုပ်သမားမှတ်ပုံတင်မိတ္တူ။

(ဂ) ကျန်းမာကြောင်းထောက်ခံချက်။

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (လူမျိုး၊ ဘာသာနေရာတွင် လျှောက်ထားသူ၏ အရေး၊ အဖတ်၊ အပြောတတ်ကျွမ်းသော ဘာသာ စကားနှင့်သက်ဆိုင်သော လူမျိုးအမည် ဖော်ပြပါရှိရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ လူမျိုးအမည်နေရာတွင် ကွဲလွဲမှု များရှိခဲ့သည့်တိုင် သက်ဆိုင်ရာလူမျိုးအမှန်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်)

(င) ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာ။

(စ) ဓာတ်ပုံ(၃) ပုံ။

(ဆ) သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်။

၇။ လျှောက်ထားသူသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှုးရုံးများသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၈ ရက်အတွင်း နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ရမည်ဖြစ်ပါသည်။

သတ်မှတ်ရက်ကျော်လွန်၍ ရောက်ရှိ လာသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။

(အသေးစိတ် သိရှိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှု ဦးစီးဌာ ဖုန်း-၀၆၇-၃၄၀၉၃၁၅နှင့် တိုင်းဒေသကြီး/ပြည်နယ် များရှိ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးများတွင် သွားရောက်စုံစမ်းနိုင်ပါသည်။)

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

News Read 2326 times