Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာဝန်ဆိုင်ရာသင်တန်းများကို နေရာသုံးခုခွဲ၍ ပြုလုပ်မည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာဝန်ဆိုင်ရာသင်တန်းများကို နေရာသုံးခုခွဲ၍ ပြုလုပ်မည်

၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် တစ်ပြိုင်နက်တည်း ကျင်းပပြုမည် ဖြစ်သည်။

ထိုစာမေးပွဲအတွက် ဖွင့်လှစ်မည့် စာစစ်ဌာနများတွင် တာဝန်ယူကြီးကြပ်ရမည့် ကြီးကြပ်ရေးမှူးများအတွက် လုပ်ငန်းတာဝန်ဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေတို့တွင် နိုဝင်ဘာ ၂၅ ရက်မှ စတင်ပြုလုပ်မည် ဖြစ်သည်။

"မသန်စွမ်းကျောင်းသား/သူ တစ်ယောက်ဆိုရင် ဘယ်အချိန်အထိ ဖြေဆိုခွင့်ပြုရမယ်၊ ကျောင်းသား/သူတွေရဲ့ ခုံအမှတ်တွေ တပ်တာ ဘယ်လို အခြေအနေဆိုရင် လွဲမှားမှု ရှိမလဲဆိုတာမျိုးကို ဆွေးနွေးပေးမှာပါ၊ အပြန်အလှန်နဲ့ ဆရာ၊ ဆရာမတွေဘက်က လည်း ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေမှာ ဘယ်လို လုပ်သင့်တယ်ဆိုတာမျိုးကို မေးမြန်းနိုင်မယ်၊ အကြံပြုနိုင်မှာတွေ လုပ်လို့ရမယ်" ဟုပြောသည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်မှ စတင်ပြီး ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်ပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အောက်မြန်မာပြည်ရှိ ရန်ကုန်တိုင်းဒေသကြီးနှင့် သွားလာရေး အဆင်ပြေသည့် အောက်မြန်မာပြည်ရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်မည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်မည့် သင်တန်းအစီအစဉ်များ ပြီးဆုံးမှသာ နေပြည်တော်၊ မန္တလေးတို့တွင်လည်း ပြုလုပ်မည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 1363 times