Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရန် ကျောင်းအုပ်ကြီးများနှင့် ပညာရေးမှူးများအား သင်တန်းပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရန် ကျောင်းအုပ်ကြီးများနှင့် ပညာရေးမှူးများအား သင်တန်းပေးမည်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများတွင် ကြီးကြပ်မည့် ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတွင် သုံးကြိမ်ခွဲကာ သင်တန်းပို့ချမည်ဟု   မြန်မာနိုင်ငံစာ စစ်ဦးစီး ဌာနက ကြေညာထားသည်။

သင်တန်းပေးမည့် နေရာတစ်ခု စုရပ်ပြုလုပ်ကာ အနီးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်မည့်သူများကို သင်တန်းပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

‘‘ကိုယ်တာဝန်ယူရတဲ့ စာစစ်ဌာနမှာ အကြောင်းတစ်ခုခု ကြုံလာရင် စာမေးပွဲစည်းကမ်းနဲ့အညီ ဘယ်လို ဖြေရှင်းရမယ်ဆိုတာ မျိုးတွေ သိအောင်ပေါ့’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

စာမေးပွဲလုပ်ငန်း တာဝန်ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းအနေဖြင့် ပို့ချမည်ဖြစ်ပြီး ရန်ကုန်၊ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ်)တို့မှ ပညာရေး မှူးများ၊ ကျောင်းအုပ်ကြီးများ သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်ပညာရေး တက္ကသိုလ်တွင် တက်ရောက်ရမည် ဖြစ်သည်။

နေပြည်တော်တွင် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပျဉ်းမနား၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း၊ အနောက်ပိုင်း)တို့မှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ တက်ရောက်ရမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး(မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်မပါ)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ် မပါ)တို့မှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ကို ၂၀၁၉ ဇန်န၀ါရီ ၁၂ ရက်မှ ၁၃ ရက်အထိ သင်တန်းပို့ချပေးမည် ဖြစ်သည်။

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုလိုသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ၂၈ ရက်အတွင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီတွင် ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့်ရက်ကို မသိရသေးဘဲ ယခင်နှစ်များအတိုင်း ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာပေးမည်ဟု အဆိုပါ ညွှန်ကြားရေးမှူးက ပြောသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းအချို့ကို အလွတ်ကျက် ဖြေဆိုရသည့် ပုံစံအစားစဉ်းစား တွေးခေါ်ဖြေဆိုရသည့် ပုံစံပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြောကြားထားသည်။

စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကလွဲ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံ ပြောင်းလဲမေးမြန်းမည်ဟု ပညာရေးဝန်ကြီးဌာန က ကြေညာထားပြီး ပြောင်းလဲမည့် မေးခွန်းပုံစံ နမူနာများ၊ ရှင်းလင်းချက်များကို နိုင်ငံပိုင် သတင်းစာများ၌ ဇွန်လကတည်းက ကြိုတင်အသိပေးထားသည်။

ထိုအပြင် အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် တက္ကသိုလ် ပါမောက္ခများက မေးခွန်းပုံစံသစ်ဆိုင်ရာ ရှင်းလင်းဟောပြောနေသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ၀င်ခွင့် လျှောက်လွှာတင်သွင်းသူ ၈၄၀,၀၀၀ ကျော်ရှိသော်လည်း ၀င်ရောက်ဖြေဆိုသူ ၇၈၀,၀၀၀ ကျော်သာ ရှိခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 1597 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176