Sales Hotline : 09448001653       Download App



မေးခွန်းမမှားအောင် ဂရုစိုက်ဖို့ ပညာရေးဝန်ကြီးပြောကြား

မေးခွန်းမမှားအောင် ဂရုစိုက်ဖို့ ပညာရေးဝန်ကြီးပြောကြား

တက္ကသိုလ်ဝင် စာမေးပွဲတွေအတွက် မေးခွန်းတွေ မှားယွင်းမှုမရှိစေဖို့ စနစ်တကျ စီမံဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ စာမေးပွဲအဖြေလွှာများ စစ်ဆေးတဲ့အခါမှာလည်း ရွေးချယ်စေလွှတ်ဖို့

လိုအပ်တယ်လို့ ဆိုပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့   ကြုံတွေ့နေရတဲ့  အခက်အခဲတွေကို လိုအပ်ချက်တွေကို ကျောင်းအုပ် ကြီးတွေကနေ စာရင်းပြုစုပြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။

ဆရာဆရာမတွေအနေနဲ့လည်း သင်ကြားမှုပိုင်းမှာ သိပ္ပံဘာသာရပ်တွေ အရည်အသွေး တိုးတက်မြင့်မားအောင် ပြုစု ပျိုးထောင်ဖို့ လိုအပ်ကြောင်း  ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီး ၊ ပြည်နယ်တွေက ဆရာဆရာမတွေအနေနဲ့ မေးခွန်းတွေ မှားယွင်းမှု မရှိအောင် ဂရုစိုက်ဖို့လိုကြောင်း၊ အလယ်တန်းပညာသင်ယူပြီးမြောက်ဖို့ မေးခွန်းတွေ ပြုစုတဲ့ အခါ ဝါရင့်

ကျွမ်းကျင် ဆရာ ဆရာမတွေကို   တာဝန်ပေးဖို့ လို ကြောင်း၊ မေးခွန်းတွေ ပျက်စီးမှုမရှိအောင်နဲ့  စာမေးပွဲတွေ အောင်မြင်အောင် ကျင်းပနိုင်ဖို့ အလေးထားဆောင်ရွက်ဖို့

လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်တွေက ခရိုင်ပညာရေးမှူး၊ မြို့နယ် ပညာရေးမှူး စုစုပေါင်းဦးရေ ၂၀ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Source: kumudra journal

News Read 3699 times