Sales Hotline : 09448001653       Download App



သူငယ်တန်းမှ ဒုတိယတန်းအထိ စာမေးပွဲမစစ်ရန် ညွှန်ကြားထားပြီး စစ်ဆေးမှုများရှိနေခဲ့

သူငယ်တန်းမှ ဒုတိယတန်းအထိ စာမေးပွဲမစစ်ရန် ညွှန်ကြားထားပြီး စစ်ဆေးမှုများရှိနေခဲ့

အခြေခံပညာကျောင်းများတွင် သူငယ်တန်းမှ ဒုတိယတန်းအထိစာမေးပွဲမစစ်ဆေးရန် ညွှန်ကြားထားသော်လည်း

ကျောင်းအချို့၌ စာမေးပွဲစစ်ဆေးမှုများရှိနေပြီးတတ်မြောက်မှုစစ်ဆေး နည်းစနစ်များအပေါ် နားလည်မှုလွဲနေသည့် ဆရာ၊ ဆရာမများကို အသိပညာပေးမည်ဟု အခြေခံပညာဦးစီးဌာန တာဝန်ခံညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောသည်။

        သင်ရိုးသစ်ဖြင့် သင်ကြားနေသည့် သူငယ်တန်းမှ ဒုတိယတန်းအထိ စာမေးပွဲမကျင်းပဘဲ စာသင်ခန်းအတွင်း ပုံမှန်ပြုလုပ် သည့် စစ်ဆေးအကဲဖြတ်ခြင်းသာပြုလုပ်ရန် နှင့် ရရှိသောအချက်အလက်များကို အသုံးပြုကာသင်ယူပြီး  စစ်ဆေးအကဲဖြတ်ခြင်း (Summative Assessment) အ နေဖြင့်တစ်နှစ်နှစ်ကြိမ်ပြုလုပ်ရန်၊ စစ်ဆေးအကဲဖြတ်ရလဒ်များကို စနစ်တကျမှတ်တမ်းတင်ထားပြီး မိဘများထံတစ်နှစ်လျှင် အစီရင်ခံစာနှစ်ကြိမ် ပေးပို့ရန်ကျောင်း စတင်ဖွင့်လှစ်စဉ်ကတည်းက အ ခြေခံပညာကျောင်းများသို့ညွှန် ကြားခဲ့သည်။

        ‘‘KG၊Grade - 1၊ 2 ကစာ မေးပွဲစစ်ဖို့အတွက် မပြောထား ဘူး။ သူတို့ကို တတ်မြောက်မှုစစ် ဆေးဖို့ပဲပြောတာ။ တတ်မြောက် မှုစစ်ဆေးတယ်ဆိုတာက သူတို့ ကို ဖတ်တတ်၊ ရေးတတ်၊ တွက် တတ်လားဆိုတဲ့ အခြေခံတတ် ကျွမ်းမှုတွေတတ်ဖို့ကို စစ်ပေးရ မှာ။ စာအုပ်ထဲက စာကိုအလွတ် ကျက်ပြီး ပြန်ပြီးတော့စာမေးပွဲစစ်  တာမျိုးလုပ်လို့မရဘူး။ ဘယ် လောက်တတ်လဲဆိုတာကို စစ် တဲ့ဟာမျိုးဖြစ်ရမယ်’’ ဟု ဦးကို လေးဝင်းကဆိုသည်။

        သင်ရိုးသစ်မစတင်မီ ပညာ ရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမ များအား သင်တန်းပို့ချစဉ်သင်ခန်း   စာတစ်ခုချင်းအလိုက် သင်ကြား နေစဉ် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ၊ အကဲဖြတ်အမှတ် ပေးသည့် ပုံစံများ ပို့ချပေးထား ပြီး ဆရာကိုင်လမ်းညွှန်များတွင် လည်း စစ်ဆေးရမည့် ပုံစံအသေး စိတ် ရေးသားထားသည်။

        သို့သော် ပထမနှစ်ဝက်အပြီး တွင် ပြုလုပ်ရမည့် သင်ယူပြီးစစ် ဆေး အကဲဖြတ်ခြင်းကို အောက် တိုဘာ ဒုတိယပတ်က ကျောင်းအချို့၌ စာမေးပွဲကျင်းပခဲ့သည်။

       ‘‘ကိုယ်ကလည်း သင်ရိုးသစ် ကို စိတ်ဝင်စားတော့စောင့်ကြည့် မိတယ်။ သိထားတာက စာမေးပွဲ မရှိဘူးပေါ့။ ဒါပေမဲ့ ကျောင်းမပိတ် ခင် (သီတင်းကျွတ်ကျောင်းပိတ် ရက် မတိုင်ခင်) ကပဲတစ်တန်းနဲ့ နှစ်တန်းကလေးတွေ စာမေးပွဲရှိ တယ်လို့ မိဘတွေ ပြောနေသံ ကြားတယ်’’ ဟု မန္တလေးတိုင်းဒေ သကြီးမှ အလယ်တန်းပြဆရာမ တစ်ဦးကပြောသည်။

        သင်ရိုးသစ်အတန်းများတွင်  စာမေးပွဲစစ်ဆေးမှု နှင့် ပတ်သက်၍ အခြေခံပညာဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးချုပ်က ‘‘နားလည်မှုလွဲပြီး စစ်နေတဲ့သူ တွေကတော့ ဖြည်းဖြည်းချင်း  ပညာပေးယူရမှာပေါ့။ သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူဖို့ဆို တာထက်သူတို့နားလည်အောင်  ပြန်ပြီးတော့မှ ပညာပေးရမှပေါ့။  ဒါမှ ပညာပေးရဲ့ သားနဲ့မှ မလိုက် နာဘူးဆိုရင်တော့ နောက်ပိုင်းကျ ရင်တော့ တစ်မျိုးပေါ့။ စစ်ဆေးအ ကဲဖြတ်မှုကောင်းကောင်းနားမ လည်တဲ့သူတွေ၊ သူတို့အကုန်လုံး ကစာမေးပွဲပဲသိတာလေ။ စစ် ဆေးအကဲဖြတ်မှုမျိုးစုံကို သူတို့ သိဖို့အတွက်ကို ကြိုးစားရမှာ’’ ဟု ဆိုသည်။

        KG+12 (သူငယ်တန်း +၁၂ တန်း) စနစ်သစ်အရ ၂၀၁၆ -၁၇  ပညာသင်နှစ်ကစတင်ကာ သူငယ်တန်း၊ ၂၀၁၇ - ၁၈ ပညာ သင်နှစ်ကစတင်ကာ ပထမတန်း၊ (ယခု) ၂၀၁၈-၁၉ ပညာသင်နှစ် ကစတင်ကာ သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေသည်။

        သင်ရိုးသစ်အရ မူလတန်းအောက်ဆင့်တွင် သီးခြားစာမေးပွဲထပ်မံကျင်းပရန်မလိုဘဲ ဆရာကိုင်လမ်းညွှန်များ၌ ဖော်ပြထားသည့် စစ်ဆေးအကဲဖြတ် နည်းစနစ်များအတိုင်းလိုက်နာပါက လုံလောက်သည်ဟု မူလတန်း  သိပ္ပံသင်ရိုးရေးဆွဲရေးအဖွဲ့က 7 Day Daily သတင်းစာ၏တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။

 Source: 7 days new

News Read 2054 times