Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက သင်တန်းပို့ချမည်

တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မည့် ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက သင်တန်းပို့ချမည်

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများတွင် ကြီးကြပ်မည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများကို နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း သင်တန်းပို့ချမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယမန်နှစ်က ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တွင် သင်တန်းသုံးကြိမ်ခွဲ ပေးပြီးယခုနှစ်တွင် အလားတူ သင်တန်းပို့ချနိုင်ရန် စီစဉ်နေသည်ဟု ဆိုသည်။

သင်တန်းပေးမည့် နေရာတစ်ခု စုရပ်ပြုလုပ်ကာ အနီးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်မည့် ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများကို သင်တန်းပေးရန် စီစဉ်နေသည်။

"စာစစ်ဌာနကြီးကြပ်ရေးမှူးတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲပုံစံသင်တန်းပေးမှာပေါ့၊ ကိုယ်တာဝန်ယူရတဲ့ စာစစ်ဌာနမှာ အကြောင်းတစ်ခုခု ကြုံလာရင် စာမေးပွဲစည်းကမ်းနဲ့အညီ ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေ ပါမှာပါ" ဟု ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကလွဲ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံပြောင်းလဲမေးမြန်းမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

ပြောင်းလဲမည့် မေးခွန်းပုံစံ နမူနာများ၊ ရှင်းလင်းချက်များကို နိုင်ငံပိုင်သတင်းစာများတွင် ဇွန်လကတည်းက ကြိုတင် အသိပေးထားသည်။

အခြေခံပညာကျောင်းများမှ အထက်တန်းပြ ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် တက္ကသိုလ်ပါမောက္ခများက မေးခွန်းပုံစံသစ်ဆိုင်ရာ ရှင်းလင်းဟောပြောမှုများ ကွင်းဆင်းပြုလုပ်ပေးနေသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၈၄၀,၀၀၀ ကျော်ရှိပြီး ၇၅၀,၀၀၀ ခန့် ၀င်ရောက်ဖြေဆိုခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day

News Read 2844 times