Sales Hotline : 09448001653       Download App



နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ၁၃၈၀-၁၃၈၁ ပညာသင်နှစ်တွင် သာသန တက္ကသီလ ဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း၊ သာမဏေများသည် အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်း တစ်ခုခု အောင်မြင် ပြီး သက်တော် ၃၀ နှစ်၊ သိက္ခာ ၁၀ ဝါအောက်ရှိရမည်။

သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်)သို့ တက်ရောက်လိုသော ရဟန်း၊ သာမဏေများသည် သာသနတက္ကသီလဓမ္မာ စရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့၊ စေတိယင်္ဂဏဓမ္မာစရိယဘွဲ့ တစ်ခုခုရရှိပြီး သက်တော် ၃၅ နှစ်၊ သိက္ခာ ၁၅ ဝါအောက်ရှိ အရှင်မြတ်များ လျှောက်ထားနိုင်ပါကြောင်း သိရသည်။

ဖြေဆိုကြရမည်

သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်)ဝင်ခွင့်လျှောက် ထားသော ရဟန်း၊ သာမဏေများသည် အစိုးရပထမကြီးတန်းနှင့် ညီမျှသော ဝိနည်းဆိုင်ရာ ၅ ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ ၅ ပုစ္ဆာ၊ မေးခွန်းလွှာ တစ်ခု၊ ပါဠိဆိုင်ရာ ၅ ပုစ္ဆာနှင့် အထွေထွေဗဟုသုတ ၅ ပုစ္ဆာ မေးခွန်းလွှာ တစ်ခုကို တစ်ရက်စီ စုစုပေါင်း နှစ်ရက် ဖြေဆိုကြရမည်ဖြစ်သည်။

သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း(ပထမနှစ်) ဝင်ခွင့် လျှောက်ထားသော ရဟန်း၊ သာမဏေများသည် သာသနတက္ကသီလ ဓမ္မာစရိယတန်း(စတုတ္ထနှစ်)နှင့် ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က)အတ္ထယောဇနာ (ခ)ဝါကျသဒ္ဒါ (ဂ) အဓိပ္ပါယတ္ထ (ဃ)ခေတ်လေ့လာနည်းအားဖြင့် ၁ဝ ပုစ္ဆာ ဖြေဆိုရမည်။

ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် ၁၀ ပုစ္ဆာ ဖြေဆိုရမည်။

 ဆက်သွယ်စုံစမ်းနိုင် -

သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလွှာများကို ၁၃၈ဝ ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် ၉ ရက် (၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂ ရက်) (အစိုးရ ရုံးပိတ်ရက်များမှအပ)စတင် ထုတ်ပေးမည်ဖြစ်သည်။

၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း ၁၂ ရက် (၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့) နောက်ဆုံးထား၍ လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို့တွင် တင်သွင်းနိုင်ပြီ။

အသေးစိတ်သိလိုသော အချက် များကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းရုံး ဖုန်း ၀၉-၅၄၀၀၈ ၂၈၊ ၀၉-၄၂၅ဝဝ၈၇၂၈၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)မော်ကွန်းထိန်းရုံး ဖုန်း ၀၂-၆၆၉၀၁၊၀၉-၂၀၃၅၅၇၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: state pariyattisasana university

News Read 2226 times