Sales Hotline : 09448001653       Download App



ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာမေးပွဲအမှန်တကယ်အောင်ပေမယ့် အောင်စာရင်းထဲ မပါဝင်သူ ၁၄ ဦး ရှိနေ

ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ စာမေးပွဲအမှန်တကယ်အောင်ပေမယ့် အောင်စာရင်းထဲ မပါဝင်သူ ၁၄ ဦး ရှိနေ

အဲဒီကလေးတွေက စာမေးပွဲဖြေပြီးတော့ အောင်စာရင်းသွား မကြည့်ဘူး၊ သူငယ်ချင်းတွေကို မေးတော့ သူငယ်ချင်းတွေက အလွယ်ပဲ သူတို့ကျတဲ့ဟာ မင်းလဲကျတယ်လို့ပြောတာ၊ ဒီကလေးက

သူ့ကိုယ်သူကျတယ်ထင်ပြီး ဆယ်တန်းအကျနဲ့ နေကြပါတယ်။

အခုကျ တော့မှ ဆယ်တန်းဖြေဖို့ လျှောက်လွှာတင်တော့ အောင်ပြီးသားတွေ တွေ့လာတာ ဖြစ်ပါတယ်။

အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာထဲမှာတင်ခွင့်ပြုခဲ့ပါတယ်။

နှစ်ကျသမားတွေ ဖြစ်ပြီး အပြင်ဖြေဖြေမယ့်သူတွေက သက်ဆိုင်ရာ မြို့ နယ် ပညာရေးမှူးရုံးတွေက တစ်ဆင့် တင်သွင်းရတာ ဖြစ်ပါတယ်။

အဲသည်လို အောင်စာရင်းထဲကနေ ကျန်ခဲ့တဲ့ ကျောင်းသား အများစုက မြို့နယ်ပြောင်းပြီးလာ ဖြေတဲ့သူတွေဖြစ်ပြီး မြို့နယ် ပညာရေးမှူးတွေအနေနဲ့ မိမိမြို့နယ်မှာ လာရောက်လျှောက်ထားတဲ့

ကလေးတွေရဲ့ အောင်စာရင်း တွေကို သေချာစိစစ်ဖို့ လိုအပ်ပါတယ်။

အတတ်နိုင်ဆုံးကတော့ ကိုယ့်မြို့တွင်းကဆိုရင်တော့ အောင်မအောင်ကို အောင်စာရင်း အဟောင်းနဲ့ တိုက်စစ်ကြည့်ပေးဖို့ လိုပါတယ်။

အောင်စာရင်းထဲမှာ မပါဝင်ဘဲ ကျန်နေသူတွေက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ်ကတည်းက အောင်မြင်ပြီးသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အောင်စာရင်းထဲမှာမပါဘဲ ကျန်ရှိနေတဲ့ ကလေးတွေကို ပြန်လည်ဆက်သွယ်ပြီး တက္ကသိုလ်ဝင်တန်း အောင် မြင်ပြီး ဖြစ်ကြောင်း အသိပေးအကြောင်းကြားခဲ့ပြီး

တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာကျန်ရှိကြောင်းနဲ့  အဆင့်မြင့် ပညာဦးစီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။

မြို့နယ် ပညာရေးမှူးတွေအနေနဲ့လည်း မိမိမြို့နယ်အတွင်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်သူတွေကို သေချာစိစစ်ပြီး အမှန်တကယ်အောင်မြင်သူတွေရှိနေပါက

အချိန်မီအဆင့်မြင့် ပညာဦးစီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။

Ref: kumudra journal

News Read 16277 times