Sales Hotline : 09448001653       Download App



ဆယ်တန်းအပြင်ဖြေများအတွက် အခမဲ့ညကျောင်း ဖွင့်ပေးမည်

ဆယ်တန်းအပြင်ဖြေများအတွက် အခမဲ့ညကျောင်း ဖွင့်ပေးမည်

လုပ်ငန်းခွင်အတွင်း ရောက်ရှိနေ၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ ဆယ်တန်းအပြင်ဖြေမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ညကျောင်းဖွင့်ကာ သင်ကြားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဆရာများအသင်းထံမှ သိရှိရသည်။

ယင်းအသင်းဥက္ကဌ ဦးဂုဏ်ထူးအောင်က "မနက် အလုပ်သွားတယ်၊ ဆယ်တန်းမဖြေဖြစ်ဘူး။ မိဘတွေလည်း အဆင်မပြေတော့သူကိုယ်တိုင် အလုပ်လုပ်နေတဲ့ ကလေးများကို ဦးစားပေးတာပါ၊ ဒါမှမဟုတ် စာမေးပွဲ ဖြေနေရင်းပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကျသွားတယ်၊ အဲဒီလူတွေက ကျူရှင်တွေတက်ဖို့ အခက်အခဲရှိတယ်ဆိုရင် လာတက်လို့ရအောင်ပေါ့" ဟုပြောသည်။

အခမဲ့ညကျောင်းကို ဒဂုံဆိပ်ကမ်းမြို့နယ် အောင်မြေဘက ကျောင်းတွင် အောက်တိုဘ ၁၁ ရက်မှ မတ်လအထိ နေ့စဉ် ည ၇ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်ပေးမည် ဖြစ်သည်။

စာအုပ်စာတမ်းများကိုပါ ထောက်ပံ့ပေးမည် ဖြစ်သည်။

ညကျောင်းတက်လိုသူများအနေနှင့် အဆိုပါ ဆရာများအသင်း ဖုန်းနံပါတ် 09-254180799 သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: thevoice

News Read 3084 times