Sales Hotline : 09448001653       Download App



၁၀ တန်း စာမေးပွဲမေးခွန်း အရင်နှစ်တွေထက် လုံခြုံရေး ပိုတင်းကျပ်

၁၀ တန်း စာမေးပွဲမေးခွန်း အရင်နှစ်တွေထက် လုံခြုံရေး ပိုတင်းကျပ်

မေးခွန်းများကို သက်ဆိုင်ရာစာစစ်ဌာနတွေ သယ်တဲ့အခါမှာ လုံခြုံမှုရှိဖို့ အရေးကြီးပါတယ်၊ ဒီနှစ်မှာ မေးခွန်းတွေကို သက်ဆိုင်တဲ့ စာစစ်ဌာနကိုသယ်မယ်ဆို ရင်

ခရိုင်ရုံးက အရာရှိတွေကို တာဝန်ပေးမည် ဖြစ်ပါတယ်။

နှစ်ရက်ကြိုသယ်ယူရ

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ မေးခွန်းတွေပေးပို့တဲ့အခါမှာ သတ်မှတ်ထားတဲ့ စာစစ်ဌာနရှိတဲ့ ဒေသက ရဲစခန်း၊ ဘဏ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစတဲ့ လုံြ

ခုံမှုရှိတဲ့နေရာတွေကို အရင်ဆုံးပေးပို့တာ ဖြစ်ပြီး အဲသည်ကနေတစ်ဆင့် အခြားစာ စစ်ဌာနတွေကို သယ်ယူတယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့ စာစစ်ဌာနရှိပေမဲ့ လုံခြုံမှုအားနည်းတဲ့ စာစစ်ဌာနတွေကိုတော့ သက်ဆိုင်ရာရဲစခန်းတွေ ဘဏ်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက တစ်ဆင့်

သယ်ဆောင်ရမယ်လို့ သိရပါတယ်။

သက်ဆိုင်ရာရုံးကနေ မဖြစ်မနေ ရွှေ့လို့မရတဲ့ စာစစ်ဌာနတွေရှိတယ်၊ အဲဒီ စာစစ်ဌာနတွေကို ခရိုင်ရုံးကအရာရှိတစ်ယောက်ထည့်ပေးရမယ်၊

တက္ကသိုလ်ကနေ မေးခွန်းတွေဝေလိုက်ရင် မေးခွန်းတွေကို မြို့နယ် ဘဏ်တိုက်တွေနဲ့ အုပ်ချုပ်ရေး မှူးရုံးတွေမှာထားပါ၊ စာစစ်ဌာနတွေကို မရွှေ့ပါနဲ့ ဦး၊

စာမေးပွဲဖြေဖို့ နှစ်ရက်အလိုမှ သာရွှေ့ရမည် ဖြစ်ပါတယ်။

မေးခွန်းထိန်းသိမ်းတဲ့နေရာနဲ့ စာစစ် ဌာနပြုလုပ်တဲ့နေရာ အလှမ်းဝေးမှသာ နှစ်ရက်ကြိုတင် သယ်ယူရမှာဖြစ်ပြီး နီးတဲ့ နေရာတွေကိုတော့

တစ်ရက်ကြိုတင် ပြောင်းရွှေ့ရမယ်လို့ သိရပါတယ်။

သော့နှစ်ခုခတ်

မေးခွန်းတွေ ထိန်းသိမ်းစောင့်ရှောက် တဲ့အခါမှာလည်း မေးခွန်းထားသိုမယ့် အခန်း ဒါမှမဟုတ် မေးခွန်းထည့်မယ့် မေးခွန်းတိုက် ပတ်ခြာလည် ထုံးဖြူးထားဖို့၊ ပိုး မွှားတွေ

ဝင်ရောက်မှုမရှိအောင် ကာကွယ်ဖို့ ၊ မေးခွန်းတိုက်ကို သော့နှစ်ခုခတ်ပြီး လုံ ခြုံမှုရှိအောင် စနစ်တကျ လုပ်ဆောင်ရမယ်လို့ သိရပါတယ်။

ခရိုင်ကပါလာတဲ့ အရာရှိက မေးခွန်း တိုက်ရှိတဲ့နေရာမှာပဲ အခြေပြုပါ၊ မေးခွန်းတိုက်ကို ကြီးကြပ်ရေးမှူးသော့တစ်လုံး ခရိုင်ကသွားတဲ့

အရာရှိက သော့တစ်လုံး နှစ်လုံးခတ်ပါ၊ ကိုယ့်သော့ဖွင့်တယ်၊ ပြီးရင် သူ့သော့ဖွင့်တယ်၊ သော့နှစ် လုံးလုံးဖွင့်မှ ဒီမေးခွန်းတိုက်ဖွင့်လို့ရတာမျိုးဖြစ်အောင်

စီစဉ်ရမှာဖြစ်ပါတယ်။ နှစ်ယောက်စုံပြီးဖွင့်မှသာ မေးခွန်းဖွင့်လို့ရ မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဖြေလွှာထိန်းသိမ်းမှု ပုံစံ

စာမေးပွဲဖြေဆိုပြီးချိန် အဖြေလွှာတွေ ထိန်းသိမ်းစောင့်ရှောက်မှုကိုလည်း ခရိုင် အရာရှိက တာဝန်ယူဆောင်ရွက်ရမှာဖြစ် ပါတယ်။

အဖြေလွှာလဲ အတူတူပါပဲ၊ ခရိုင်က လိုက်သွားတဲ့ အရာရှိက မေးခွန်းနဲ့အတူတူပါသွားမယ်၊ အဖြေလွှာနဲ့ အတူတူပြန်လာရမည် ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေး

သက်ဆိုင်ရာတိုင်းဒေသကြီး ပြည် နယ်ပညာရေးမှူးရုံးတွေကိုပေးပို့တဲ့ အချိန် မှာ မေးခွန်းထုတ်နဲ့ အတူ ချိပ်နမူနာ ကတ် ပြားကိုပါ ပေးပို့မှာ ဖြစ်ပါတယ်။

မေးခွန်း ထုတ်ပေါ်မှာ ပိတ်ထားတဲ့ ချိပ်နဲ့ ထည့်ပေး လိုက်တဲ့ ချိပ်နမူနာကတ်ပြားနဲ့ တူညီမှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပါတယ်။

မေးခွန်းထုတ်ပေါ်မှာ ရေးထားတဲ့ ချိပ်တံဆိပ်နဲ့ ကတ် ပြားလေးပေါ်မှာ ရေးထားတဲ့ နမူနာ ချိပ် တံဆိပ်တူသလားဆိုတာ ကိုယ့်ရဲ့ လက်ထောက်ကြီးကြပ်ရေးမှူးတွေကို ပြပါ၊

ပြီးရင် အဲဒီချိပ်ကျိုးနေတာပဲ့နေတာ၊ ကွာနေတာရှိသလား စစ်ဆေးခိုင်းပါ၊ မေးခွန်းထုပ်ပေါက်ပြဲမှုရှိမရှိ စစ်ဆေး ရမယ်၊ စစ်ဆေးပြီး လက်မှတ်ထိုးရမည် ဖြစ်တယ်။

အပြင်မှာ လုံးဝ မထားပါနဲ့။

မေးခွန်းအိတ်တွေကို စာဖြေခန်းတွေကို ပို့တဲ့အခါမှာ အခန်းလိုက်ယူမယ့် ဆရာ တွေ လက်ထဲထည့်ပါ၊

အဲသည်မေးခွန်း အိတ်တွေမှာ လက်ကျန်မေးခွန်းဟောင်း တွေ ရှိမရှိ စစ်ဆေးရမယ်၊ လက်ထောက် ကြီး

ကြပ်ရေးမှူးတွေကို မေးခွန်းအရေအ တွက် ပြည့်မပြည့် စစ်ဆေးခိုင်းရမယ်။ သူ့ အိတ် တွေနဲ့ သူ အိတ်ထည့်ပေးပြီးပိတ်ပါ။

စင်တာတစ်ခုကို ပေးတဲ့ မေးခွန်းက ပိုပေး တာ ကြောင့် မေးခွန်းအပိုရှိတယ်။ ပိုနေတဲ့ မေး ခွန်းတွေကို စားပွဲပေါ်မှာ တင်မထားပါ နဲ့ သိမ်းဆည်းထားပါ၊

ပျက်ကွက်စာရင်း တွေကနေ ပြန်ပို့တဲ့မေးခွန်းတွေ ပြန်ရောက်လာရင်လည်း စုစည်းပြီးပြန်သိမ်းထားပါ၊ အပြင်မှာ လုံးဝမရှိပါစေနဲ့။

အခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ စာစစ်ဌာနတွေကို ပြည်တွင်းစာစစ်ဌာန အနေနဲ့ ၁၅၀ဝ ကျော်အထိ တိုးချဲ့ဖွင့်လှစ်

ထားပြီး နိုင်ငံခြားစာစစ်ဌာနအနေနဲ့ ၁၇ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Ref: Kumudra journal

News Read 4482 times