Sales Hotline : 09448001653       Download App



သင်ကြားရေးအကူ နေ့စားလပေးများကို ၉ တန်းအောင်အဆင့်မှ စတင်ခန့်ထားမည်

သင်ကြားရေးအကူ နေ့စားလပေးများကို ၉ တန်းအောင်အဆင့်မှ စတင်ခန့်ထားမည်

တိုင်းရင်းသားဒေသရှိ မူလတန်းကျောင်းများတွင် သင်ကြားရေးအကူ နေ့စားလပေးများကို ကိုးတန်းအောင်အဆင့်မှ စတင်ခန့်ထားရန် စီစဉ်ထားပါသည်။

ယခုပညာသင်နှစ်တွင် တိုင်းရင်းသားဒေသများရှိ ဝေးလံခက်ခဲပြီး ကျောင်းသားဦးရေ များပြားသောဒေသများတွင် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) များကို ကျောင်းသား ၁၀၀ လျှင် ဆရာတစ်ဦးနှုန်းဖြင့် ခန့်ထားနိုင်ရန် စီစဉ်လျက်ရှိသည်။

ထိုဆရာ၊ ဆရာမများကို ခန့်ထားရာတွင် ဒေသခံတိုင်းရင်းသားဘာသာစကားတတ်ကျွမ်းသူများအား ဦးစားပေးခန့်ထားမည်ဖြစ်ပြီး လိုအပ်ချက်အရ န၀မတန်းအောင်အဆင့်မှ စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

"အခုခန့်ဖို့ လုပ်နေဆဲပဲရှိပါသေးတယ်၊ အမြန်ဆုံးခန့်ဖြစ်မှာပါ၊ အနိမ့်ဆုံးပညာအရည်အချင်း ၉ တန်းအောင်ကနေစပြီး ခန့်မယ်၊ ဘွဲ့ရတဲ့သူဆိုရင်တော့ ပိုကြိုက်တာပေါ့။ ဘွဲ့ရဆိုရင် သင်တန်းတက်ပြီး မူလတန်းပြအဖြစ် အမြဲတမ်းခန့်လို့ရတယ်၊ ၉ တန်းဆိုရင် နေ့စားလပေးအဆင့်နဲ့ပဲ ထားရမှာ" ဟုပြောသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအတွက် တိုင်းရင်းသား အထောက်အကူပြု သင်ကြားရေးအကူ ဆရာ၊ ဆရာမ နေ့စားလပေး စုစုပေါင်း ၅၁၆၁ ဦးကို ခန့်ထားခဲ့သည်။

၎င်းတို့အထဲမှ ဘွဲ့ရရှိသော သင်ကြားရေးအကူများကို မူလတန်းစာပေး၊ စာယူတတ်ရောက်စေပြီး  မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်ထားခဲ့သည်။

ယခုပညာသင်နှစ်တွင် တိုင်းရင်းသား ဒေသများရှိ အခြေခံပညာကျောင်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်တွင် ဆရာ၊ ဆရာမ နှစ်သောင်းရှစ်ထောင်ကျော်က ကျောင်းသား/သူ ခုနှစ်သိန်းရှစ်သောင်းကျော်ကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ ၅၄ မျိုးလည်း ပါဝင်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 18673 times