Sales Hotline : 09448001653       Download App



အခမဲ့ သင်ကြားပေးမည့် ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ

အခမဲ့ သင်ကြားပေးမည့် ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ဆောက်လုပ်ရေးနည်းပညာ ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၏ အကူအညီဖြင့် အောက်ပါ ဆောက်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများအား အခမဲ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သင်တန်းအမျိုးအစား

(၁) ဆောက်လုပ်ရေးလက်သမားသင်တန်း

(၂) ပန်းရံအချောကိုင်သင်တန်း (အုတ်စီခြင်းအပါအဝင်)

(၃) RC(Formworkသံချည်သံကွေး)သင်တန်း

သင်တန်းကာလ (၄) လဖြစ်ပြီး သင်တန်းသားဦးရေ (၄၀)ဦး လက်ခံသင်ကြားပေးမည် ဖြစ်သည်။

ပညာအရည်အချင်း  - အခြေခံပညာအလယ်တန်းအဆင့်

(အသက် ၁၈ နှစ်အထက် ကျန်းမာသန်စွမ်းသော ကျား၊ မ မရွေး လျှောက်ထားနိုင်သည်)

ဂျပန်နိုင်ငံ၏ MONOTSUKURT Institute of Technologists မှ ဂျပန်ပါမောက္ခများ၊ ကထိကများ ကိုယ်တိုင် ကောင်းမွန်စွာ လေ့ကျင့်သင်တန်းပေးထားသော မြန်မာ ဆရာ/မများမှ သင်ကြားပေးသွားမည် ဖြစ်သည်။

သင်တန်းစတင်မည့်ရက် - ၂၉-၁၀-၂၀၁၈ ရက်

လျှောက်လွှာစတင်လက်ခံမည့်ရက် - ၁၇-၉-၂၀၁၈ ရက်

သင်တန်းတည်နေရာနှင့် ၊ - ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)

ဆက်သွယ်ရန်လိပ်စာ အမှတ်(၂၉၈)၊ မြနန္ဒာလမ်း၊ (၁၃)ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီ။

ဖုန်း-၀၁-၈၅၆၄၇၇၃၊ ၀၉-၄၅၆၄၂၄၇၇၉

e-mail - [email protected], [email protected]

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ကြေးမှုံ

News Read 2827 times