Sales Hotline : 09448001653       Download App



ပညာရေးစနစ်သစ်အရ အခြေခံပညာကျောင်းဆောင် ၄၇၀၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးပြော

ပညာရေးစနစ်သစ်အရ အခြေခံပညာကျောင်းဆောင် ၄၇၀၀၀ ကျော်နှင့် ဆရာ၊ ဆရာမ ရှစ်သောင်းကျော် လိုအပ်ဟု ပြည်ထောင်စုဝန်ကြီးပြော

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် မူလတန်းကျောင်းဆောင်ပေါင်း နှစ်သောင်းခွဲအနည်းဆုံးလိုအပ်ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းဆောင်ပေါင်း နှစ်သောင်းနှစ်ထောင် လိုအပ်နေသည်။

ယင်းကဲ့သို့ လိုအပ်နေသော စာသင်ကျောင်းဆောင်ပေါင်း ၄၅၀၀၀ ကို ငါးနှစ်ဖြင့် ဖြည့်ဆည်းမည်ဆိုပါက တစ်နှစ်လျှင် စာသင်ဆောင်ပေါင်း ၉၀၀၀ ဖြည့်ဆည်းရမည် ဖြစ်သည်။

"KG+12 ဆောင်ရွက်ဖို့ဆိုရင် ဆရာ၊ ဆရာမသည် ၅၀၀၀၀ နီးပါးလိုပါတယ်။ ဒါကိုခန့်မယ်ဆိုရင် တစ်နှစ်တစ်သောင်းခန့်ရမှာပါ။

အလယ်တန်းအဆင့်မှာ ဆရာ/မ ၂၂၀၀၀ ကျော် လိုအပ်ပါတယ်။ အထက်တန်းကတော့ ၁၁၀၀၀ ကျော် လိုအပ်ပါတယ်။" ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၆၃၀၀ ကျော်ကိ အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းကျောင်းများထဲတွင် ၁၀ မိုင် အထက်ဝေးသော ကျောင်းမှာ ၂၂၄ ကျောင်းရှိသည်။

ကျောင်းအဆင့်တိုးများ ရရှိသည့်အတွက် ယခင်ပညာသင်နှစ်က အထက်တန်းအဆင့်ဖြစ်သော G10, G11 တို့တွင် ကျောင်းသားဦးရေ တိုးတက်ခဲ့ကာ တစ်သန်းကျော် အထိ ရှိလာပြီ ဖြစ်သည်။

ယခုပညာသင်နှစ်တွင် အဆိုပါအတန်းများတွင် တက်ရောက်နေသော ကျောင်းသား/သူဦးရေမှာ ၁ ဒသမ ၁ သန်းကျော်အထိ ရှိလာပြီ ဖြစ်သည်။

"ကျောင်းသားဦးရေဟာ အစိုးရကျောင်းတွေမှာ နှစ်သန်းနီးပါးရှိပြီး ဘုန်းတော်ကြီးပညာရေးကျောင်း။ ပုဂ္ဂလိကကျောင်းတွေ ပေါင်းရင် ၁၀ သန်းကျော် အထိ တိုးတက်များပြားလာတာ တွေ့ရပါတယ်။ ကျောင်းသားဦးရေများ ပြားလာပေမယ့် လိုအပ်တဲ့ဆရာ၊ ဆရာမနဲ့ ကျောင်းဆောင်တွေကို ဖြည့်ဆည်းမပေးနိုင်ခဲ့ပါဘူး"ဟု ပြောကြားသည်။

လက်ရှိအခြေခံပညာကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပြီး ကျောင်းဆောင်ပေါင်း နှစ်သိန်းကျော်၊ ဆရာ၊ ဆရာမ လေးသိန်းကျော် ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 4584 times