Sales Hotline : 09448001653       Download App



လာမည့်ပညာသင်နှစ်တွင် နယ်ကျော်ကျောင်းအပ်လက်ခံသည့် ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးများကို အရေးယူမည်

လာမည့်ပညာသင်နှစ်တွင် နယ်ကျော်ကျောင်းအပ်လက်ခံသည့် ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးများကို အရေးယူမည်

လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာတွင် နယ်ကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသည့် ကျောင်းအုပ်များနှင့် မြို့နယ်ပညာရေးမှူးများကို အရေးယူမည် ဖြစ်သည်။

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရေးဆောင်ရွက်ရာတွင် သတ်မှတ်ထားသော မြို့နယ်များအလိုက် ကျောင်းသား/သူများကို ကျောင်းအပ် လက်ခံနိုငရေး ဆောင်ရွက်ရမည် ဖြစ်သည်။

နယ်မြေကျော်လွန်ပြီး ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ခြင်းမပြုလုပ်ရန်အတွက် ကြိုတင်ညွှန်ကြားထားပြီး နယ်မြေကျော် ကျောင်းအပ်လက်ခံခြင်းများ ရှိလာပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့ကို ညွှန်ကြားချက်လိုက်နာမှု မရှိသည့်အတွက် အရေးယူဆောင်ရွက်မည် ဖြစ်သည်။

"ကြိုတင်သိရှိပြီး လိုက်နာနိုင်ဖို့ ညွှန်ကြားလိုက်တာလို့ ထင်တယ်။ ကျောင်းအပ်ရာသီ ရောက်တဲ့အခါကျရင်လည်း အသေးစိတ် ညွှန်ကြားချက်ထပ်ပြီး ထွက်ပါလိမ့်မယ်။ " ဟု ပြောသည်၊

၂၀၁၈-၁၉ ပညာသင်နှစ်၏ အခြေခံပညာကျောင်းအပ်နှံရေး သီတင်းပတ်ကို စတင်တော့မည် ဖြစ်ရာ ကျောင်းအပ်နှံကြမည့် ကျောင်းသား/သူများကို မိမိတို့ နေထိုင်ရာ မြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံကြရန်နှင့် နယ်ကျော် ကျောင်းအပ်ခြင်းများ ပြုလုပ်လာပါက လက်မခံရန် ညွှန်ကြားခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 7273 times