Sales Hotline : 09448001653       Download App



ဒုတိယတန်းမှ ဒသမတန်းအထိ ပထမနှစ်ဝက်စာမေးပွဲများကို အောက်တိုဘာလအတွင်း စစ်ဆေးသွား မည်

ဒုတိယတန်းမှ ဒသမတန်းအထိ ပထမနှစ်ဝက်စာမေးပွဲများကို အောက်တိုဘာလအတွင်း စစ်ဆေးသွား မည်

အခြေခံပညာပထမနှစ်ဝက်စာမေးပွဲများ အောက်တိုဘာလအတွင်း ကျင်းပမည်၊ တက္ကသိုလ်ဝင်တန်းအဆင့်ကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မေးခွန်းများဖြင့် မေးမြန်းမည် ဖြစ်ပါသည်၊

ယခုပညာသင်နှစ်တွင် တက်ရောက်လျက်ရှိသည့် ဒုတိယတန်းမှ ဒသမတန်းအထိ ပထမနှစ်ဝက်စာမေးပွဲများကို အောက်တိုဘာလအတွင်း စစ်ဆေးသွား မည် ဖြစ်သည်။

စစ်ဆေးမည့်သင်ရိုးများအနေဖြင့် ဇွန်လမှ စတင်သင်ကြားခဲ့သော သင်ရိုးများမှ စတင်ပြီး အောက်တိုဘာလအထိ သင်ကြားထားသော သင်ရိုးများကို စစ်ဆေးသွားမည် ဖြစ်သည်၊

ယခုနှစ်တွင်ကျင်းပမည့် ပထမနှစ်ဝက်စာမေးပွဲများတွင် တက္ကသိုလ်ဝင်တန်းအဆင့်ကို တိုင်းဒေသကြီး ပြည်နယ်အလိုက် ပြန်လည်ပြုစုထားသော မေးခွန်းများဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်၊

"န၀မတန်းအဆင့်ကတော့ ကျောင်းတွင်းအဆင့်နဲ့ မေးမြန်းမှာပါ။ တက္ကသိုလ်ဝင်တန်းအဆင့်ကတော့ တိုင်းဒေသကြီး ပြည်နယ်တွေက ပြုစုတဲ့မေးခွန်းတွေနဲ့ စစ်ဆေးမှာပါ။ စတုတ္ထတန်းနဲ့ အဌမတန်းကတော့ ခရိုင်မြို့နယ်အလိုက် ထုတ်တာတွေနဲ့ စစ်ဆေးဖို့ ရှိပါတယ်" ဟု ပြောသည်၊

ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းများ၏ စာမေးပွဲများကို အခန်းဆုံးစစ်ဆေးခြင်း နှစ်ကြိမ်နှင့် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆုံး နှစ်ကြိမ် စုစုပေါင်း လေးကြိမ်သာ စစ်ဆေးရန် အတွက် ထုတ်ပြန်ထားပြီး စာမေးပွဲများ ကျင်းပရာတွင် မေးခွန်းတစ်ခုလျှင် ကျောင်းသား/သူ လေးဦးနှုန်းဖြင့် အဖြေလွှာတစ်ခုတည်းတွင် ဖြေဆိုရန် ညွှန်ကြားထားသော်လည်း အချို့ကျောင်းများတွင် လုပ်နိုင်ရန်အတွက် စာသင်ခုံလုံလောက်မှုနှင့် စာသင်ခန်းလုံလောက်မှု  အခက်အခဲများရှိနေသည်၊

ယခုပညာသင်နှစ်တွင် သူငယ်တန်းမှ ဒသမတန်းအထိ အခြေခံပညာကျောင်းသား/သူ ကိုးသန်းကျော် တက်ရောက်နေကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

Government School Read 15395 times