Sales Hotline : 09448001653       Download App



ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအရေအတွက် တိုးမြှင့်မည်

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအရေအတွက် တိုးမြှင့်မည်

၂၀၁၇ ခုနှစ်၊ မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းကို ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းကျော်ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့်အတွက် ယခင်နှစ်ကထက် တစ်သိန်းကျော် ပိုမိုများပြားနေပါသည်။

ထို့ကြောင့် ယခင်နှစ်ကဖွင့်လှစ်ခဲ့ရသော စာစစ်ဌာန အရေအတွက် ၁၄၀၀ ကျော်ထက် ယခုနှစ်တွင် စာစစ်ဌာန အရေအတွက်ကို တိုးမြှင့်ဖွင့်မည်ဖြစ်ပါသည်။

ကျောင်းသားအရေအတွက်တိုးလာတဲ့နေရာတွေကတော့ အခုချိန်အထိ စာရင်းတွေပေးဆဲပါ။

ဒါကြောင့် အရေအတွက်ကတော့ တိုးနေတုန်းပဲ ရှိသေးတယ်။

စာရင်းအတိအကျတော့ မရသေးဘူး။ မနှစ်ကထက်တော့ တိုးမှာပါ။ အခုလည်း တိုးတောင်းထားတဲ့ နေရာတွေကိုလည်း ဖွင့်ခွင့်ပြုထားပါတယ်။

မြန်မာနိုင်ငံစာစစ်ဌာနဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ နိုင်ငံခြားစာစစ်ဌာနများ၊ မသန်စွမ်းစာစစ်ဌာနများ ဖွင့်လှစ်ပြီး စာမေးပွဲဖြေဆိုရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒီနှစ်က ပြင်ပဖြေတွေလည်းတိုးတယ်။ ကျောင်းဖြေတွေလည်းတိုးတယ်။ စုစုပေါင်းဆို ခုနှစ်သိန်းခုနှစ်သောင်းကျော်သွားပြီ ဖြစ်ပါသည်။

တက္ကသိုလ်ဝင်တန်းစာစစ်ဌာနများတွင် ဆရာ၊ ဆရာမများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအာဏာပိုင်များကို ချထားမည့်အပြင် ရဲစခန်းများ၊ တပ်မတော်ဆေးရုံများ၊ ဘဏ်များ၊ ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၇ ခု၊ ဆေးရုံစာစစ်ဌာန ၉ ခု၊ အကျဉ်းထောင် စာစစ်ဌာန ၁ ခု တို့ကို ဖွင့်လှစ်ပေးခဲ့ပါသည်။

Source: democracy

News Read 2543 times