Sales Hotline : 09448001653       Download App



လေးတန်း၊ ရှစ်တန်း စာမေးပွဲမေးခွန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်စုံတည်း ထုတ်မည်မဟုတ်ဟုဆို

လေးတန်း၊ ရှစ်တန်း စာမေးပွဲမေးခွန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်စုံတည်း ထုတ်မည်မဟုတ်ဟုဆို

ယခုပညာသင်နှစ်အစ ဇွန်လကုန်ပိုင်းခန့်တွင် စတုတ္ထတန်းနှင့် အဌမတန်းမေးခွန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်စုံတည်းသာ မေးမြန်းမည်ဟု သတင်းများထွက်ပေါ်ခဲ့ပါသည်။

၂၀၁၇ ယခု ဖေဖော်ဝါရီလတွင် ကျင်းပမည့် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်း စာမေးပွဲမေးခွန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်စုံတည်း မေးမြန်းမည်မဟုတ်ကြောင်း ယခင်နှစ်များကအတိုင်း စတုတ္ထတန်းကို ခရိုင်၊ အဌမတန်းကို တိုင်းဒေသကြီး၊ ပြည်နယ်များမှ ထုတ်နုတ်သော မေးခွန်းများဖြင့်သာ မေးမြန်းမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၊ စာမေးပွဲကြီးကြပ်အကဲဖြတ်ဌာနမှ သိရသည်။

မေးခွန်းတစ်စုံတည်းဆိုတာ မဟုတ်ပါဘူး။ ခါတိုင်းနှစ်တွေလိုပဲ တိုင်း၊ ခရိုင် မေးခွန်းတွေနဲ့မေးမှာပါပဲ။

ပညာရေးဝန်ကြီးဌာနကလည်း တစ်စုံတည်းမေးမြန်းဖို့ ညွှန်ကြားထားတာမရှိပါဘူး။ တစ်စုံတည်း မေးမြန်းဖို့ ညွှန်ကြားတယ်ဆိုရင် အခြေခံပညာ ဦးစီးဌာနကနေ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ချက်ချင်းအကြောင်းကြားရပါတယ်။ ကြားထားတဲ့သတင်းတွေက အမှားတွေပါ။

အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲမေးခွန်းများကို စာမေးပွဲမဖြေခင် သုံးပတ်အလိုတွင် မေးခွန်းထုတ်လေ့ရှိရာ ယခုမေးခွန်းများကို ဖေဖော်ဝါရီလလယ်တွင် စာမေးပွဲစတင်မည်ဖြစ်သည့်အတွက် မေးခွန်းများကို ဖေဖော်ဝါရီလဆန်းပိုင်းခန့်တွင် ထုတ်မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးများမှ စတုတ္ထတန်းများကို ထုတ်မည်ဖြစ်ပြီး အဌမတန်းမေးခွန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများမှ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို တိုင်းဒေသကြီး၊ ခရိုင်မှ စစ်ဆေးသော ပုံစံကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကျင့်သုံးခဲ့ပြီး ယခင်နှစ်ကအထိ အဌမတန်းကို တိုင်းဒေသကြီး၊ ပြည်နယ်မှ ထုတ်ဝေသော မေးခွန်း ၁၈ စုံဖြင့် စစ်ဆေးပြီး စတုတ္ထတန်းကို ခရိုင်အလိုက်ပြုစုသော မေးခွန်း ၆၀ ကျော်ဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။

Source: democracy today

News Read 5917 times