Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ် အင်္ဂလိပ်စာမေးခွန်းပုံစံသစ် အတွက် ရှင်းလင်းမှာကြားချက်များ

၂၀၁၉ ခုနှစ် အင်္ဂလိပ်စာမေးခွန်းပုံစံသစ် အတွက် ရှင်းလင်းမှာကြားချက်များ

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူးဒေါက်တာဒေါ်ပိုးပိုး ၏ 2019 အင်္ဂလိပ်စာမေးခွန်းပုံစံသစ် အတွက် ရှင်းလင်းမှာကြားချက်များမှ ကောက်နှုတ်ချက်များ ဖြစ်ပါသည်။

Q.I ပြောင်းလဲခြင်းမရှိပါ။

Q.II Fillers 5 လုံးပိုထည့်ထားသည်မှအပ ပြောင်းလဲခြင်းမရှိပါ။ unseen သက်သက်သာ မေးစေချင်သော ဆန္ဒရှိသူများလည်း ရှိသည်ကိုသိသော်လည်း နောက်ပိုင်းနည်းနည်ဆီပြောင်းလဲလာပါမည်။ အောင်ချက်လည်းထည့်တွက်ရပါသည်။

Q.III A ပုံစံသစ် Multiple Choice ဖြေဆိုရာတွင် A. B . C သို့မဟုတ် A. B .C နှင့် အဖြေစာသားတွဲရေး သို့မဟုတ် အဖြေစာသားသာဖြေဆိုထား မည်သို့ဖြေဖြေ အမှတ်ပေးပါမည်။ အဖြေစာသား Spelling မှားသော်လည်း A.B.C မှန်လျှင်အမှတ်ပေးပါမည်။

Multiple Choice အတွက်မေးခွန်းမေးရာတွင် များသောအားဖြင့်ပေးထားသောအဖြေသည် အမျိုးအစားတူ စကားလုံးများ သာ အများစုမေးပါမည်။

အမျိုးအစားမတူလျှင်စကားလုံးပုံစံသိလျှင် ရွေးချယ်ရလွယ်ကူသောကြောင့်ဖြစ်ပါသည်။

Q.IV တွင် No. 1.2.3.4 တွင် မေးခွန်းလေးပုဒ် Choice မပေးဘဲ မေးပါမည်။
Units 14 ခုလုံးကို နှံ့နှံ့သိစေရန် ရည်ရွယ်ပါသည်။ သမိုင်းအခြေခံ အချက်ခုနှစ်များမမေးပါ။
Who said these words မေးခွန်းကို ယခင်နှစ်များလို ဘယ်နံပါတ်ဆိုပုံသေမေးမယ်သတ်မှတ်မထားသော်လည်း မေးချင်သည့် အခါထည့်မေးမည်ဖြစ်ပါသည်။

Q.V မေးခွန်းပုံစံသစ် Unseen passage
Unseen passage အတွက် ကျောင်းသားများမသိနိုင်သော စကားလုံးများပါသော်လည်း သိနိုင်လောက်သော စကားလုံးများ ဝေါဟာရများ အများစု ပါမည်ဖြစ်ပါသည်။ မည်သည့်အကြောင်းအရာမျိုးမေးမည်ကိုအတိအကျပြော၍မရပါ။
Critical thinking အတွက်မေးခွန်းတပုဒ်အမြဲထည့်ပေးပါမည်။ Sample question များထဲမှ နမူနာမေးခွန်းများနှင့်ရှင်းပြပါသည်။

Name two printed things around us apart from bubble gun wrappers and dictionaries.

ဒီမေးခွန်းမှာ around us ဆိုတဲ့စကားလုံးလေးတွေကြောင့် စာပိုဒ်ထဲကတင်မဟုတ်ဘဲ အပြင်က printed things တွေ ထည့်ဖြေဆိုလို့ရပါတယ်။

Stage any two ways of using less paper mentioned in the passage .

ဒီမေးခွန်းမှာ mentioned in the passage ဆိုတဲ့အချက်ကြောင့်စာပိုဒ်ထဲမှာဖော်ပြပေးထားတဲ့ အချက်သုံးချက်ထဲကသာဖြေဆိုရပါမည်။

What other materials can we recycle apart from paper ?

ဒီမေးခွန်းဖြေဆိုရာမှာ စာပိုဒ်ထဲမှာ paper ကိုပဲ recycle ပါတဲ့အတွက်အပြင်ကအချက်တွေအသုံးပြုဖြေဆိုရမှာပါ။

Q.VII B မှာ စာပိုဒ်ထဲကအကြောင်းအရာတွေကိုအလွတ်ကျက်ဖြေတာမျိုးမဖြစ်အောင် ပြောင်းမေးပါမည်။

Q.VII A Stylistic Transformation အတွက် နဝမတန်း ဒသမတန်း တွင် ပါသော grammar ပုံစံများမေးပါမည်။
(ကျမရဲ့ယူဆချက်ကတော့ ယခင်နှစ်များမေးထားသည်ကိုလေ့လာခြင်းအားဖြင့် Text တွင် ရှေ့ဇယားကွက်တွင်ပါသော unit အလိုက်ပါသော grammar ခေါင်းစဉ် အောက်ရှိ အမျိုးအစားများအကုန်ခြုံငုံလေ့ကျင့်ပေးရမည်ထင်ပါသည် )

Q. VIII Q. IV တွင်စာလုံးရေ သတ်မှတ်ထားသည်မှာ အလွန်ရှည်လျားသော ပေးစာများ စာစီစာကုံးများ မရေးစေရန် ကျစ်လျစ်စွာ
ရေးသားတတ်စေရန်ရည်ရွယ်ပါသည်။ စာလုံးရေ မပြည့်လျှင်လည်း အမှတ်ပေးပါမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Crd to Thet Mon

News Read 5323 times