Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းများ၏ မေးခွန်းပုံစံများ ပြောင်းလဲသွားမည်

အခြေခံပညာအတန်းများ၏ မေးခွန်းပုံစံများ ပြောင်းလဲသွားမည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းပုံစံပြောင်းသကဲ့သို့ အခြားသော အခြေခံအတန်းများ စာမေးပွဲ မေးခွန်းပုံစံများကိုလည်း ပြောင်းလဲသွားမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ကျင်းပပြုလုပ်နေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မေးမြန်းသော မေးခွန်းပုံစံများကို ပြောင်းလဲနိုင်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားအတန်းအဆင့်ဆင့်တွင် မေးမြန်းနေသော မေးခွန်းများကိုလည်း ပြောင်းလဲသွားမည် ဖြစ်သည်။

အခြားအတန်းများ၏ မေးခွန်းပုံစံများကို ပြောင်းလဲရာတွင် သင်ရိုးအသစ်များ ပြောင်းလဲနေသည့် နှစ်အလိုက် ပြုပြင်ပြောင်းလဲသွားမည်။

မေးခွန်းများကို ပုံနှိပ်စာအုပ်များထဲမှ ထုတ်နုတ်မေးမြန်းသော မေးခွန်းများအစား ကွဲပြားသော မေးခွန်းများကို မေးမြန်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။
ချက်ချင်းအကုန်လုံးပြောင်းတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ပုံနှိပ်ထဲက အကြောင်းအရာများလည်းပါမယ်၊ အခြားဗဟုသုတမေးခွန်းများလည်း ပါမယ်၊ စာများများ ဖတ်ထားတဲ့ ကလေးများက မေးခွန်းကို လွယ်ကူစွာ ဖြေနိုင်မယ့် အနေအထားမျိုးဖြစ်အောင် စဉ်းစားထားတာ"ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းပုံစံများကို ၂၀၁၉ ခုနှစ်တွင် ဖြေဆိုမည့် စာမေးပွဲမှစတင်ပြောင်းလဲနိုင်ရန် စီစဉ်လျက်ရှိပြီး ပြောင်းလဲမေးမြန်းမည့် မေးခွန်းပုံစံ နမူနာများကိုလည်း နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ကြေညာထားသည့် မေးခွန်းနမူနာပုံစံများအရ မေးခွန်းအပုဒ်ရေများကို လျှော့ချထားပြီး ရွေးချယ်ဖြေဆိုနိုင်သည့် မေးခွန်းများ နည်းပါးသွားသည်။

"တက္ကသိုလ်ဝင်တန်း မေးခွန်းကို ပြောင်းမယ်ဆိုတာကို ကျောင်းသား/သူတွေအနေနဲ့ စိုးရိမ်စရာ မလိုပါဘူး။ နှစ်တိုင်းဖြေဆိုနေကြပုံစံတွေအတိုင်း သင်ခန်းစာတွေကို လေ့လာမယ်ဆိုရင် ဖြေနိုင်ကြမှာပါ"

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 4771 times