Sales Hotline : 09448001653       Download App



ဆရာအတတ်ပညာလက်မှတ်မရှိသေးသူများကို သင်တန်းပေးမည်

ဆရာအတတ်ပညာလက်မှတ်မရှိသေးသူများကို သင်တန်းပေးမည်

ပုဂ္ဂလိကကျောင်းများတွင် တာဝန်ထမ်းဆောင်ပြီး ဆရာအတတ်ပညာလက်မှတ် မရှိသေးသည့်အတွက် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ထောင်ကျော်ရှိနေပြီး ယင်းတို့ကို အောက်တိုဘာလတွင် သင်တန်းပေးမည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင်တာဝန်ထမ်းဆောင်နေသော ဆရာ/မများအားလုံး ဆရာအတတ်ပညာလက်မှတ်မရှိသူ မကျန်ရှိစေရေးအတွက် ပညာသင်နှစ်အလိုက် သင်တန်းများပေးနေသလို ပုဂ္ဂလိကကျောင်းများတွင် တာဝန်ထမ်ဆောင်နေပြီး အဆရာအတတ်ပညာ လက်မှတ်မရှိသေးသည့် ဆရာ/မများကိုလည်း သင်တန်းတက်ရောက်ရန် စီစဉ်လျက်ရှိသည်။

ဆရာအတတ်သင်တန်း တက်ရောက်ရန်အတွက် ပုဂ္ဂလိကကျောင်းများမှ စာရင်းပေးသွင်းထားသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ထောင်ကျော်ရှိနေသည်။

"လာမယ့်အောက်တိုဘာလမှာ သင်တန်းပေးနိုင်ဖို့ စီစဉ်နေပါတယ်။"

ထိုဆရာ/မများကို သင်တန်းပေးရာတွင် ပညာရေးကောလိပ်များတွင် သင်တန်းများပေးအပ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်တိုတစ်လခန့် ကြာမြင့်မည် ဖြစ်သည်။

သင်တန်းကာလပြီးပါက အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးမည် ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ကိုယ်ပိုင်ကျောင်းများကို ဖွင့်လှစ်ထားပြီး သင်ကြားပြသမည့် ဆရာများကိုလည်း ဆရာအတတ်လက်မှတ်ရှိရန် လိုအပ်ကြောင်း ဥပဒေအရ ပြဌာန်းထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 5641 times