Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းကျ ကျောင်းသားငါးဦး သမ္မတ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ပြီး ၂၈ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး

တက္ကသိုလ်ဝင်တန်းအောင် အကျဉ်းကျ ကျောင်းသားငါးဦး သမ္မတ လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ပြီး ၂၈ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေး

ဂုဏ်ထူးသုံးဘာသာရရှိသူ လေးဦးနှင့်ရိုးရိုးအောင် မြင်သူတစ်ဦးကို ယမန်နေ့က လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးခံရသူ ငါးဦးသည် မန္တလေး အိုးဘိုအကျဉ်းထောင်မှ သုံးဦး၊ အင်းစိန် အကျဉ်းထောင်မှ နှစ်ဦးဖြစ်ပြီး ပြစ်ဒဏ်တစ်နှစ်ကျော်သာ ကျန်ရှိသူများ ဖြစ်သည်။

ထို့အပြင် နှစ်ဘာသာနှင့်အ ထက် ရရှိသူ ရှစ်ဦးကို ပြစ်ဒဏ်နှစ် ပုံတစ်ပုံ လျှော့ချပေးပြီး တစ်ဘာ သာနှင့် ရိုးရိုးအောင်မြင်သူ ၂၀ ဦး ကိုပြစ်ဒဏ် လေးပုံတစ်ပုံ လျှော့ချပေးကြောင်း ဦးမင်းထွန်းစိုးက ပြောသည်။

‘‘လွှတ်တဲ့ထဲမှာ တစ်ဘာ သာလည်း ပါတယ်။ နှစ်ဘာသာ လည်း ပါတယ်။ လွှတ်ဖို့တစ်နှစ် ကျော်လောက်ပဲလိုတဲ့ ကျန်တဲ့သူ ကိုလွှတ်ပေးတာ ဖြစ်တယ်။ အခု လွှတ်ပေးတဲ့လူတွေကျ အပြင်မှာ စနစ်တကျနဲ့ ပညာဆက်လက် သင်ကြားနိုင်အောင်လို့။ ထောင် မှာကျတော့ ၀ိဇ္ဇာဘာသာရပ်ပဲ ရတယ်။ ၀ိဇ္ဇာတွဲပဲ ဖြေလို့ရမယ်။ တချို့အမှတ်မီလို့ တက်ချင်တဲ့ တက္ကသိုလ်တက်လို့ရအောင် နိုင်ငံတော်ရဲ့ စေတနာနဲ့ လုပ်ပေး တာပါ’’ဟု ၎င်းကပြောသည်။

၂၀၁၇-၁၈ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် အကျဉ်းထောင်ရှစ်ခုမှ ၀င်ရောက်ဖြေဆိုသူ ၁၀၀ ကျော်ရှိပြီး ၄၇ ဦးအောင်မြင် ကာသုံးဘာသာဂုဏ်ထူးရှင် ငါးဦး ရှိခဲ့သည်။

မန္တလေးအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၅၅ ဦး ၀င်ရောက်ဖြေဆိုရာ ၂၇ ဦး အောင်မြင်ပြီး သုံးဘာသာဂုဏ် ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် လေးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ရိုးရိုးအောင်မြင်သူ ခြောက်ဦး ထွက်ပေါ်ခဲ့သည်။

အကျဉ်းကျကျောင်းသား၊ ကျောင်းသူများအနက် စာမေးပွဲ ဖြေဆိုခွင့်လျှောက်ထားသူများကို အကျဉ်းထောင်ရှိ ကျောင်းများ တွင် အကျဉ်းသားဆရာများ၊ အ ထက်တန်းပြ ဆရာများက တစ်နှစ်ပတ်လုံး သင်ကြားပေးသည်။

‘‘လွတ်သွားတဲ့ လူတွေက လည်း ဆက်လက်ပြီး အသက်မွေး ၀မ်းကျောင်း သင်ချင်ရင် လူမှုဝန် ထမ်းနဲ့ ပညာရေးက သင်ပေး မယ်။ ထောင်ထဲက လူတွေက တော့၊ပညာရေးကတော့ ဆက် လက်သင်ကြားပေးသွားတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နှစ်စဉ် က တော့ ဖြေနေမှာပဲ။ သူတို့မ လွတ်မချင်း ပညာကိုဆုံးခန်းတိုင် အောင် သင်ပေးသွားမှာပါ’’ ဟု ဦးမင်းထွန်းစိုးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 2505 times