Tips

သူငယ်တန်းပြီးသွားတဲ့အခါ သင့်ကလေးဆီက မျှော်လင့်နိုင်တဲ့အရာတွေ

ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုစံနှုန်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒါပေမယ့် သူ့အသက်အရွယ်လေးမှာ ဘယ်ပညာရေးနဲ့ လူမှုဆက်ဆံရေးစွမ်းရည်တွေ တက်သင့်လဲဆိုတာကို အကြမ်းဖျင်းသိထားတော့ ကောင်းတာပေါ့။

ဘယ်လိုသိနိုင်သလဲဆိုတော့ သူငယ်တန်းမှာ ဘယ်ဘာသာရပ်တွေသင်လဲ ဘယ်လိုသင်လဲဆိုတာ ဆရာမကိုမေးပြီးသိနိုင်သလို၊ အစိုးရချမှတ်ထားတဲ့ သူငယ်တန်းပညာရေး ပေါ်လစီတွေကနေလည်း သိနိုင်ပါတယ်။

ဒီတော့ နှစ်တစ်နှစ်ကုန်ဆုံးပြီတဲ့အခါ သင့်ကလေးဆီက အကြမ်းဖျင်းအားဖြင့် မျှော်လင့်နိုင်တာတွေက…

    • အတန်းထဲက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်း
    • အလှည့်ကျစနစ်ကို ကျင့်သုံးခြင်း
    • ကတ်ကြေးသုံးပြီး အရာဝတ္ထုများကို (ဥပမာ စက္ကူ) ညှပ်နိုင်ခြင်း
    • ဘယ်သန်လား ညာသန်လားဆိုတာ ကွဲပြားမှုရှိလာခြင်း
    • အချိန်အယူအဆတွေဖြစ်တဲ့ မနေ့က၊ ဒီနေ့၊ မနက်ဖြန် စတာတွေကို နားလည်လာခြင်း
    • တည်တည်ငြိမ်ငြိမ်နှင့် (ပြေးလွှားဆော့ကစားခြင်းမရှိ) တန်းစီတတ်ခြင်း
    • ညွှန်ကြားသည့်အတိုင်း အလွယ်တကူ လိုက်နာတတ်လာခြင်း
    • ၁၅ - ၂၀ မိနစ်လောက်ထိ အာရုံစူးစိုက်လာနိုင်ခြင်း
    • ရောင်စုံနှင့်ခဲတံကို မှန်မှန်ကန်ကန် ကိုင်တွယ်တတ်ခြင်း
    • ရောင်စုံနှင့် ကစားစရာဘလော့တုံးလေးများကဲ့သို့သော အရာများအား မျှဝေအသုံးပြုတတ်ခြင်း
    • အခြေခံအရောင် ၈ မျိုးဖြစ်တဲ့ အနီ၊ အ၀ါ၊ အပြာ၊ အစိမ်း၊ လိမ္မော်၊ အမည်း၊ အဖြူနှင့် ပန်းရောင်တို့အား သိလာခြင်း
    • အက္ခရာများ (က ခ ဂ၊ a b c ၊ A B C) ကို ခွဲခြားသိလာပြီး ရေးတတ်ခြင်း
    • အက္ခရာတစ်ခုချင်းစီနှင့် ၄င်းတို့၏ အသံထွက်များကို သိခြင်း
    • မိမိ၏ နာမည်အား စာလုံးပေါင်းတတ်ခြင်း
    • ဖတ်ပြထားသော ပုံပြင်အား ပြန်လည်ပြောပြတတ်လာခြင်း
    • ပုံ၊ စာ (သို့) စကားပြောခြင်းဖြင့် မိမိသဘောထားကို ပြောပြတတ်လာခြင်း (ဥပမာ သူ့အကြိုက်ဆုံးစာအုပ်က … )
    • နံပါတ် ၀ မှ ၂၀ အထိ ရေတွက်ပြီး ရေးတတ်ခြင်း
    • ဆယ်ဂဏန်းစုများ (၁၀၊ ၂၀၊ ၃၀) ကို ၁၀၀ အထိရေတွက်နိုင်ခြင်း
    • ဂဏန်းနံပါတ်များအား ၁၀ အထိ ပေါင်းတတ်ခြင်း
    • ၀ နှင့် ၁၀ အတွင်းရှိသော ဂဏန်းများဖြင့် နုတ်တတ်ခြင်း
    • အခြေခံ ပုံသဏ္ဍာန်များဖြစ်သော စတုရန်း၊ တြိဂံ၊ ထောင့်မှန်စတုဂံနှင့် စက်ဝိုင်းများကို သိခြင်း

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Greatschool

Read 552 times
Rate this item
(2 votes)