Sales Hotline : 09448001653       Download App



စာစီစာကုံးအလွတ်ကျက်တဲ့စနစ်ဖျက်ဖို့ ဆရာ/မများကိုလည်း ပြန်သင်ဖို့လို

စာစီစာကုံးအလွတ်ကျက်တဲ့စနစ်ဖျက်ဖို့ ဆရာ/မများကိုလည်း ပြန်သင်ဖို့လို

 နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် "တကယ်တော့ စာစီစာကုံးများကို အလွတ်ကျက်ပြီး ရေးတာဆိုရင် လုံးဝမဖြစ်သင့်ပါဘူး။ စာစီစာကုံးဆိုတာ ကိုယ့်ရဲ့ အတွေးအခေါ်ကို ကိုယ်ရေးတာပဲ၊ အဲဒီတော့ အဲဒီဟာတွေကို စာစီစာကုံးများကို အလွတ်ကျက်ပြီး ရေးတဲ့စနစ်ကို ဖျက်ဖို့ဆိုရင် ဆရာ/မ များကို လဲ နည်းနည်းပြန်သင်ဖို့ လိုမယ်၊ ဆရာ/မတွေကိုယ်တိုင်က အလွတ်ကျက်တဲ့စနစ်မှာ ကြီးလာတော့ ကလေးတွေကို အလွတ်ပဲကျက်ခိုင်းတယ်၊ ပညာရေးဝန်ကြီးကိုလဲ ပြောထားပါတယ်၊ စာစီစာကုံးတွေ အလွတ်ကျက်တဲ့စနစ်ကတော့ လုံးဝကို မသင့်တော့်ဘူး" လို့ပြောပါတယ်။

စာစီစာကုံးရေးခိုင်းရခြင်းမှာ အဓိက ရည်ရွယ်ချက်သုံးချက်ရှိပါတယ်။

မြန်မာဘာသာစကားကို သဒ္ဒါအားဖြင့် မှန်မှန်ကန်ကန် ရေးနိုင်ရဲ့လားဆိုတာ အကဲဖြတ်နိုင်အောင်၊ အဲဒါက အခြေခံအဆင့် ဖြစ်တယ်၊ ဒုတိယအဆင့်အနေနဲ့ စကားလုံး အသုံးအနှုန်း ကြွယ်ဝမှုနဲ့ လှလှပပရေးနိုင်ခြင်း ရှိမရှိနဲ့ တတိယက စိတ်ဝင်စားဖွယ်ဖြစ်အောင်လို့ သစ်ဆန်းတဲ့ အတွေးခေါ်တွေ ပါဝင်ရဲ့လားဆိုတာ ကိုကြည့်ပြီး စာစီစာကုံးတစ်ခုရဲ့တန်ဖိုးကို ဆုံးဖြတ်ရတာဖြစ်တယ်။

"သဒ္ဒါမှန်လား မမှန်လားဆိုတာ အလွတ်ကျက်လို့ရှိရင် ဘယ်သိမလဲ၊ အလွတ်ကျက်လိုက်တော့ မှန်သွားတာပေါ့၊ နံပါတ်နှစ်က လှတယ် မလှပဘူးဆိုတာတော့ သူအလွတ်ကျက်ထားတဲ့ စာစီစာကုံးပေါ်မူတည်တယ်၊ သူ့အပေါ်မှာ မူတည်မှ မဟုတ်ဘဲ နောက်အတွေးအခေါ်ဆိုတာတော့ လုံးဝမရှိတော့ဘူး၊ ဒါကြောင့်မို့ ဆရာ/မတွေကိုယ်တိုင်က ပိုပြီးတော့ ၀ါယမစိုက်ထုတ်ရမယ်လို့ " ပြောသည်။

ဆရာ/မတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ဆယ်စုနှစ်ပေါင်းများစွာပုံစံက တစ်မျိုးဖြစ်နေတဲ့အခါကျတော့ ကလေးတွေကို သင်ပေးတဲ့ပုံစံက တစ်မျိုးဖြစ်နေတာပါ။ ဆရာ/မတွေကို အပြစ်ဆိုလို့လည်း မရဘူးလို့  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောပါတယ်။

ပညာရေးစနစ်တစ်ခုဆိုတာက ကျောင်းသားတွေလည်းပါပါတယ်။ ဆရာ/မတွေလည်းပါတယ်။ ဆရာ/မတွေဆိုတာ တစ်ချိန်က ကျောင်းသားတွေပဲဖြစ်တယ်။ ကိုယ်ကျောင်းသားဘ၀က အလွတ်ကျက်ခဲ့ရလို့ရှိရင် ကိုယ်ဆရာ/မဖြစ်လာတဲ့အခါ လိမ္မာတဲ့ကျောင်းသားများက အလွတ်ကျက်တယ်ဆိုတဲ့ စိတ်ပဲရှိမှာပဲ ဖြစ်တယ်။

အလွတ်မကျက်တဲ့ကျောင်းသားက ပျင်းတယ်။ မလိမ္မာဘူး၊ ဒါ ကလန်ကဆန်လုပ်တယ်ဆိုတဲ့အမြင်က ဖြစ်လာမယ်။ အဲဒါကြောင့်မို့ ပညာရေးစနစ်ကို ပြုစုပျိုးထောင် တဲ့ ပြောင်းလဲအောင် လုပ်တယ်ဆိုတာ တော်တော်မှ ခက်ပါတယ်။

နေ့ချင်းညချင်း ပြောင်းလို့မရပါဘူး၊ ဆရာ/မတွေအရည်အချင်းကိုလည်း ပြန်မြှင့်တင်ပေးရမယ်။ ကလေးများရဲ့ စိတ်ဓာတ်ကိုယ်တိုင်လည်း ပြန်မြှင့်တင်ပေးရတယ်၊ မိဘတွေရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

"ဒီလိုကူးချဖို့ စာအုပ်တွေဝယ်ပေးတာ ဘယ်သူက ၀ယ်ပေးတာလဲ မိဘက ၀ယ်ပေးတာမဟုတ်လား မိဘတွေကိုယ်က ဒါအားပေးနေတာပေါ့၊ ကိုယ့်ကလေးအမှတ်များများရဖို့ဆိုပြီးတော့ ဒီဟာတွေကို လုပ်နေမှန်းသိရက်နဲ့ လုပ်စေတာ အားလုံးမှာ တာဝန်ရှိတယ်။ကလေးကိုယ်တိုင်လည်း တာဝန်ရှိတယ်။

ဒါပေမယ့် ကလေးကတော့ လူကြီးတွေက ဟုတ်တယ်မှန်တယ်ထင်ရင်တော့ သူလဲ ဟုတ်တယ်မှန်တယ်လို့ ထင်လာတတ်တာပေါ့၊ ကိုယ်ရဲ့ အတွေးအခေါ်ပိုပြီးတော့ ထက်မြက်လာအောင်လို့ ဆိုရင် ဆရာ/မတွေက ကောင်းဖို့လိုတယ်၊ စနစ်ကလည်းကောင်းဖို့ လိုတယ်။ နောက်မိဘတွေကလဲ ဒါကို အားပေးဖို့လိုတယ်" ဟုပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source; kumudranews

News Read 2234 times